နေပြည်တော်၊ မေလ(၅)ရက်။
တစ်မျိုးသားလုံးရှိလူငယ်/လူရွယ်များ ကျန်းမာကြံ့ခိုင်မှု၊ ဉာဏ်ရည်ဉာဏ်သွေးဉာဏ်ရည်ထက်မြက်မှုများနှင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများ ကိုနှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်(၉:ဝဝ)နာရီအချိန်မှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပွဲစဉ်များအား ဝဏ္ဏသိဒ္ဓိအားကစားရုံ(B) တွင်ကျင်းပပြုလုပ်လျက်ရှိပါသည်။
စတုတ္တနေ့တစ်ဦးချင်းပွဲစဉ်များအဖြစ် အပြည်ပြည်ဆိုင်ရာအသက်(၂ဝ)နှစ်အောက် စစ်တုရင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်စုစုပေါင်း(၄၆)ဦးသည် လညး်ကောင်း၊ အပြည်ပြည်ဆိုင်ရာအလွတ်တန်းစစ်တုရင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်စုစုပေါင်း(၅၆)ဦး သည်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးစစ်တုရင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်စုစုပေါင်း (၃၂)ဦးသည်လည်းကောင်း၊ မြန်မာ့ရိုးရာစစ်တုရင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ ပြိုင်ပွဲဝင်စုစုပေါင်း (၃၈)ဦးတို့သည် လည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်းရရှိပါသည်။
အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲကို မေလ (၂) ရက်နေ့မှ (၉) ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(ြ)တွင် ပြိုင်ပွဲများကို နံနက် (၉:ဝဝ) နာရီမှစတင်၍ ဆက်လက်ယှဉ်ပြိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူမိဘပြည်သူများ အနေဖြင့် အခမဲ့လာရောက်အားပေးနိုင်ပါကြောင်းသိရှိရပါသည်။