နေပြည်တော်၊ မေလ(၉)ရက်။
ကျန််းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပပြုလုပ်သော ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်မှစတင်ပြီး အပြည်ပြည် ဆိုင်ရာအလွတ်တန်းပြိုင်ပွဲ နောက်ဆုံးနေ့ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက် ယှဉ်ပြိုင်ကစားကြပြီး ဆုပေးပွဲအခမ်းအနားကို နေ့လည်(၃)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်လွင်နှင့်တာဝန်ရှိသူများ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြပါသည်။
ယနေ့နောက်ဆုံးနေ့ပွဲစဉ်များအဖြစ် အပြည်ပြည်ဆိုင်ရာ အလွတ်တန်းတစ်ဦးချင်း စစ်တုရင်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြရာ ပထမဆုကို ထွန်းထွန်းသန်း(ရန်ကုန်)မှလည်းကောင်း၊ ဒုတိယဆုကို ကျော်လေးထိုက်(မန္တလေး)မှလည်းကောင်း၊ တတိယဆုကို ဝေဖြိုး(ရန်ကုန်)မှ လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာအလွတ်တန်း အသင်းလိုက်စစ်တုရင်ပြိုင်ပွဲတွင် ပထမဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်းမှလည်းကောင်း၊ ဒုတိယဆုကို မန္တလေးတိုင်းဒေသကြီးအသင်းမှ လည်းကောင်း၊ တတိယဆုကို ဧရာဝတီတိုင်းဒေသကြီးအသင်းတို့မှလည်းကောင်း အသီးသီး ဆွတ်ခူးရရှိသွားကြောင်း သိရှိရပါသည်။
ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာအသက်(၂ဝ)နှစ်အောက် တစ်ဦးချင်းစစ်တုရင်ပြိုင်ပွဲ တွင် ပထမဆုကို သူရဦး(ရန်ကုန်)မှလည်းကောင်း၊ ဒုတိယဆုကို နေလင်းထွန်း(မန္တလေး)မှ လည်းကောင်း၊ တတိယဆုကို ထက်ဇော်ဖုန်း(ရန်ကုန်)မှလည်းကောင်း အသီးသီးဆွတ်ခူးရရှိသွားပါသည်။ ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာအသက်(၂ဝ)နှစ်အောက် အသင်းအလိုက် စစ်တုရင် ပြိုင်ပွဲတွင် ပထမဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်းမှ လည်းကောင်း၊ ဒုတိယဆုကို မန္တလေးတိုင်းဒေသကြီးအသင်းမှ လည်းကောင်း၊ တတိယဆုကို မွန်ပြည်နယ်အသင်းမှ လည်းကောင်း အသီးသီးဆွတ်ခူး ရရှိသွားကြောင်း သိရရှိပါသည်။
ဆက်လက်ပြီး မြန်မာ့ရိုးရာတစ်ဦးချင်းစစ်တုရင်ပြိုင်ပွဲတွင် ပထမဆုကို မောင်မောင်လွင် (ရန်ကုန်)မှလည်းကောင်း၊ ဒုတိယဆုကို နိုင်မျိုးလင်း(ရန်ကုန်)မှလည်းကောင်း၊ တတိယဆုကို သိန်းအေး(မကွေး)မှလည်းကောင်း အသီးသီးဆွတ်ခူးရရှိသွားပါသည်။ ဆက်လက်ပြီး မြန်မာ့ရိုးရာအသင်းလိုက် စစ်တုရင်ပြိုင်ပွဲတွင် ပထမဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်းမှ လည်းကောင်း၊ ဒုတိယဆုကို မန္တလေးတိုင်းဒေသကြီး အသင်းမှလည်းကောင်း၊ တတိယဆုကို ဧရာဝတီတိုင်းဒေသကြီးအသင်းမှလည်းကောင်း အသီးသီးဆွတ်ခူးရရှိသွားပါသည်။

ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ လူငယ်(အမျိုးသား) တစ်ဦးချင်းပြိုင်ပွဲနှင့် အသင်းလိုက်ပြိုင်ပွဲတွင်ဆုရရှိသူများ၊ အပြည်ပြည်ဆိုင်ရာ အလွတ်တန်း (အမျိုးသမီး)တစ်ဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ မြန်မာ့ရိုးရာ အလွတ်တန်း(အမျိုးသား)တစ်ဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ အပြည်ပြည် ဆိုင်ရာ အလွတ်တန်း(အမျိုးသား)တစ်ဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲတွင် ဆုရရှိကြသူများအား အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြ§င့်ခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာ လူငယ်(အမျိုးသား)အသင်းလိုက် တံခွန်စိုက်ဆုဖလားရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးဝင်းအောင်မှ လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အလွတ်တန်း(အမျိုးသမီး) အသင်းလိုက်တံခွန်စိုက်ဆုဖလား ရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင်လွင်မှလည်းကောင်း၊ မြန်မာ့ရိုးရာ အလွတ်တန်း(အမျိုးသား) အသင်းလိုက်တံခွန်စိုက် ဆုဖလားရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယñွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အလွတ်တန်း (အမျိုးသား) အသင်းလိုက်တံခွန်စိုက်ဆုဖလားရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးမှလည်းကောင်း၊ ရွှေ(၆)ခု၊ ငွေ(၁)၊ ကြေး(၂)ခုဖြင့် စွယ်စုံတံခွန်စိုက်ဖလားရရှိသော ရန်ကုန်တိုင်းဒေသကြီး အသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှလည်းကောင်း ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိပါသည်။