နေပြည်တော်၊ မေ(၁၃)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ပူးပေါင်း၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်သော လူငယ်/လူရွယ်များဖြစ်ပေါ်လာစေရေး၊ ကြက်တောင်အားကစားနည်းကို ယခုထက်ပိုမိုတိုးတက် ဖွံ့ဖြိုးစေရေးနှင့်မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးတို့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ကြက်တောင်ပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး တစ်ဦးချင်းပွဲစဉ်များ၊ အမျိုးသား/အမျိုးသမီးနှစ်ယောက်တွဲပွဲစဉ်များကို ဆက်လက်ကျင်းပပြုလုပ်ကြပြီး၊ အမျိုးသား ဆီမီး ဖိုင်နယ်ရှုံး/ထွက်ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းမှ (၃-ဝ) ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အ သင်းမှ (၃-ဝ) ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိပြီး၊ အမျိုးသမီး ဆီမီးဖိုင်နယ် ရှုံး/ထွက် ပွဲစဉ် များအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ (၃-ဝ)ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်း နှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းမှ (၃-ဝ)ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသွားကြောင်း သတင်းရရှိပါသည်။

အဆိုပါတိုင်းဒေသကြီးနှင့်ပြည်နယ်ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို (၁၄-၅-၂ဝ၁၈) ရက်နေ့၊ နံနက်(၉:ဝဝ)နာရီ၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)တွင် အမျိုးသား (တစ်ဦးချင်းပြိုင်ပွဲ၊ နှစ် ယောက်တွဲပြိုင်ပွဲ) ဗိုလ်လုပွဲစဉ်အဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းနှင့်ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ၊ အမျိုးသမီး (တစ်ဦးချင်းပြိုင်ပွဲ၊ နှစ်ယောက်တွဲပြိုင်ပွဲ) ဗိုလ်လုပွဲစဉ်များ အဖြစ် ရှမ်းပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ အသီးသီးယှဉ်ပြိုင်ကစား ရမည်ဖြစ်သဖြင့် ကြက်တောင်အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရသည်။