spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အောင်ပွဲရ မြန်မာ့ရိုးရာလှေအသင်းအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

အောင်ပွဲရ မြန်မာ့ရိုးရာလှေအသင်းအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

 
ရန်ကုန်၊ မေလ(၁၄)ရက်။
 
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ(တရုတ်-တိုင်ပေ)တွင် မေလ(၅)ရက်မှ (၈)ရက်နေ့အထိ ကျင်းပခဲ့သည့် Asian Dragon Boat Championships International Open 2018 ၂ဝ၁၈ ပြိုင်ပွဲတွင် ရွှေတံဆိပ်(၅)ခု ၊ ငွေတံဆိပ်(၂)ခု ၊ ကြေးတံဆိပ် (၁)ခုဖြင့် မြန်မာကို ကမ္ဘာကသိအောင် ဂုဏ်ဆောင်နိုင်ခဲ့ပြီး အမြင့်ဆုံးအောင်မြင်မှုရယူပေးခဲ့သော  အောင်ပွဲရ မြန်မာ့လှေလှော်အသင်းအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို မေလ(၁၃)ရက် ည(၆)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ၊အင်းစိန်မြို့နယ် ၊ City Golf  Resort Hotel ၌ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လွှတ်တော် ဒုတိယဥက္ကြ ဦးလင်းနိုင်မြင့် ၊ရန်ကုန်တိုင်း စည်ပင် သာယာရေးကော်မတီဥက္ကဌ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်း၊ ဒုတိယဥက္ကဌ ဦးကျော်ကျော်လှိုင်နှင့် အမှုဆောင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အလှူရှင်များ၊ ဆုရအားကစားသမားများ တက်ရောက်ကြသည်။
 
ပြည်ထောင်စုဝန်ကြီး ကဤ ကဲ့သို့ ပြိုင်ပွဲတွင် အနို်င်ရရှိခဲ့မှု၊ အောင်ပွဲရရှိခဲ့မှုသည် နိုင်ငံ၏ဂုဏ်ကို နိုင်ငံတကာတွင် မြှင့်တင်ပေးရာရောက်သည့်အတွက် မိမိအနေဖြင့် အထူးပင် ဝမ်းမြောက်ဂုဏ်ယူပြီး ပြိုင်ပွဲဝင်အားကစားသမားများကို ချီးကျူး ဂုဏ်ပြုပါကြောင်း၊ 
 
မိမိတို့ ပြိုင်ပွဲဝင်သည့်မှတ်တမ်း Videos များကို ပြန်လည်ကြည့်ရှုလေ့လာဆန်းစစ်၍ အားနည်းချက်၊ လိုအပ်ချက်များကို ပြုပြင်ကာ စံချိန်များပိုမိုကောင်းမွန်အောင် ဆောင်ရွက် စေလိုကြောင်း၊ 
 
၂ဝ၁၈ခုနှစ်၊ အတွင်း ကျင်းပမည့် အာရှလှေလှော်ပြိုင်ပွဲ၊ အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲများ၌လည်း အောင်မြင်မှုများရစေလိုပြီး အောင်မြင်လိမ့်မည်ဟုလည်း မျှော်လင့်ပါကြောင်း၊ 
 
လှေလှော်အားကစားနည်းအပါအဝင် အားကစားအလိုက်သက်ဆိုင်ရာ ကမ္ဘာ့အားကစားအဖွဲ့ချုပ်များနှင့်ဆက်သွယ်၍ ခေတ်မီလေ့ကျင့်သင်ကြားရေး နည်းစနစ်နှင့် အကူအညီများရရှိနိုင်ရန် ဆောင်ရွက်သင့်ကြောင်း၊ အားကစားသမားများကို သိပ္ပံနည်းကျ လေ့ကျင့်သင်ကြားနိုင်ရန် သိပ္ပံနည်းကျယှဉ်ပြိုင်နိုင်ရန် အရေးကြီးပါကြောင်း။
 
ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်းသည် ဆေးတစ်ပါးဖြစ်သည်ဟူသော ဆောင်ပုဒ်ဖြင့် ပြည်သူတစ်ရပ်လုံးအားကစားကို ဝါသနာပါလေ့ကျင့်လာစေရန် တိုင်းဒေသကြီး/ပြည်နယ် အလိုက် စီမံချက်များ ရေးဆွဲဆောင်ရွက်နေပါကြောင်း၊ ထူးချွန်သော အားကစားသမားများ၏ ဘဝရှေ့ရေးအာမခံချက် ရရှိရေးအတွက် သင့်တော်သော ရာထူးနေရာများတွင် ခန့်ထားပေးနိုင် ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။
 
ရရှိသည့် ဘဏ္ဍာရန်ပုံငွေအပေါ်မူတည်၍ အားကစားကွင်းများ၊ အဆောက်အဦများ၊ အားကစားအထောက်အကူပစ္စည်းများကို ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ အားကစားလောကကြီး ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဆန်းသစ်တည်ထွင်သော မဟာဗျူဟာ ၊ နည်းလမ်းများဖြင့် အားကစားလောကကြီး ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်စေလို ကြောင်းဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။
 
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က ဂုဏ်ပြုအမှာစကားပြောကြား၍ လည်းကောင်း၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်းက 2018 Asian Dragon Boat Championships & Bitan International Open ဝင်ရောက်ယှဉ်ပြိုင်ခြင်းနှင့်ပက်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ပြီး ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ဗီဒီယိုမှတ်တမ်းအား ပြသခဲ့သည်။
 
ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အောင်ပွဲရအားကစားသမားများအတွက် ဂုဏ်ပြုဆုငွေ ကျပ်သိန်း(၁၅ဝ)နှင့် ပြိုင်ပွဲတွင်စံချိန်ချိုးခဲ့သည့် အားကစားနည်း (၃)မျိုး အတွက် ဆုငွေကျပ်သိန်း(၉ဝ) စုစုပေါင်း သိန်း(၂၄ဝ)တို့အား ပေးအပ်ချီးမြ§င့် ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည် ပေးအပ် ချီးမြ§င့်ခဲ့သည်။
 
ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးအား  အားကစားလုပ်ငန်းများဆောင်ရွက်ရန်အတွက် အလှူငွေများကို Top Ten Star ကုမ္ပဏီလီမိတက် Executive Director ဦးအေးထွန်းရွှေ၊ ဦးသန်းထွန်းတို့က အလှူငွေ ကျပ်သိန်း(၅ဝ) ၊ Prime Residence ကုမ္ပဏီလီမိတက် ၊JL Group of Companies မှ ဥက္ကဌ ဦးသောင်းထိုက်မင်းက အလှူငွေကျပ်သိန်း(၅ဝ) ၊ ရွှေလျှံဝင်းကျောက်မျက်ကုမ္ပဏီလီမိတက် မှ MD ဒေါ်မြင့်မြင့်ဌေး က အလှူငွေကျပ်သိန်း(၅ဝ) ၊JL Family အထပ်သား အရောင်းကိုယ်စားလှယ် (မန္တလေး) အဖွဲ့များက အလှူငွေကျပ် (၂၃)သိန်း၊ JL Family  အထပ်သား အရောင်းကိုယ်စားလှယ် (ရန်ကုန်) အဖွဲ့များက အလှူငွေကျပ် (၂၃)သိန်းတို့ကို ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဂုဏ်ပြုမှတ်တမ်းလွှာများအား ပြန်လည်ပေးအပ်၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အား အားကစားလုပ်ငန်းများဆောင်ရွက်ရန်အတွက် အလှူငွေများကို Jewellery Luck Group Of Companies မှ ဥက္ကဌ ဦးကျော်စိန်သန်းမှ အလှူငွေကျပ်သိန်း(၂ဝဝ) ၊ စိမ်းလိုက်ကျောက်မျက် ကုမ္ပဏီလီမိတက်မှ MD နေဝင်းမောင်ကအလှူငွေကျပ်သိန်း(၁ဝဝ)၊ Majestic International  ကုမ္ပဏီလီမိတက်မှ CEO  ဦးစွမ်းသူမိုးနှင့် ဇနီးဒေါ်မိုးယုစံ (သရုပ်ဆောင်)မှ အလှူငွေ ကျပ်(၂၅)သိန်း ၊Nay La Pwint Service ကုမ္ပဏီလီမိတက်မှ MD ဦးအိုက်ပန်းနှင့် ဇနီး ဒေါ်မြင့်မြင့်ဝင်း မှ အလှူငွေကျပ် သိန်း(၂ဝ)၊ ကိုးကန်စာပေယဉ်ကျေးမှုအသင်းမှ နာယကကြီး  ဦးလောစစ်မင်း မှ အလှူငွေကျပ် သိန်း(၂ဝ) ၊ ကိုးကန့်စာပေယဉ်ကျေးမှု၊ အမျိုးသမီးအသင်းမှ  ဒေါ်အားကြူနှင့် ဒေါ်ရန်မေယွီး မှ အလှူငွေကျပ် သိန်း(၂ဝ)၊ ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် အဖွဲ့သားများအား လေယာဉ်လက်မှတ်များ ပံ့ပိုးကူညီပေးသည့် Golden Land Reas Estate ကုမ္ပဏီလီမိတက်မှ Mr. Lai မှ အလှူငွေ အမေရိကန်ဒေါ်လာ (၁၅ဝဝဝ)၊ အောင်ပွဲရ အားကစားသမားများနှင့်နည်းပြများအတွက် (၂၄)လက်မ တီဗီရုပ်မြင်သံကြား စက်အလုံး (၃ဝ)အား OK Myanmar  ဦးကျော်ကျော်လှိုင်တို့က ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဂုဏ်ပြုမှတ်တမ်းလွှာအားပြန်လည်ပေးအပ်၍ လည်းကောင်း ၊ ရန်ကုန်တိုင်းစည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးမောင်မောင်စိုးအား  Myanmar One Belt One Road Chamber Of Commerce  မှ အလှူငွေကျပ် သိန်း(၂ဝ)၊ Thiri Myint Myat ကုမ္ပဏီလီမိတက်မှ MD ဦးကိုကိုအောင်ဌေးက အလှူငွေ အမေရိကန်ဒေါ်လာ (၁ဝဝဝ)၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ အလှူငွေကျပ် (၁ဝ)သိန်း၊ Go Together ကုမ္ပဏီလီမိတက် MD ဦးကျော်ကျော်လွင် မှ အလှူငွေကျပ် (၁ဝ)သိန်း၊ M - Development City  ကုမ္ပဏီလီမိတက်မှ အလှူငွေကျပ် (၁ဝ)သိန်း၊ ရတနာတောင်တန်းကုမ္ပဏီလီမိတက် MD ဦးသက်နိုင်မှ အလှူငွေကျပ် (၁ဝ)သိန်း၊ အောင်ပွဲရအားကစားသမားများအား ဂုဏ်ပြုညစာစားပွဲနှင့် LED Board များ ပြည့်စုံစွာပံ့ပိုုးကူညီပေးသည့် ရွှေခမောက် Focus Media Myanmar မှ အလှူငွေကျပ် (၁ဝ)သိန်းMyanmar One Belt One Road Association မှ အလှူငွေကျပ် (၁ဝ)သိန်း ၊ KBZ  မှ အလှူငွေကျပ်သိန်း(၅ဝ) ၊ Jasmine Palace မှ အလှူငွေကျပ် (၂၅)သိန်း၊ Famous ၊ PMG  ၊ Okစက်သုံးဆီ၊Black Canyo and Strong  Source ၊ Super Seven Star ၊ VIKIN ကုမ္ပဏီလီမိတက် ၊ မြန်မာစည်းလုံးကုမ္ပဏီ + နီလာဒံပေါက် ၊ ချယ်ရီဦးနာရီ ၊ Naing Group  ဆောက်လုပ်ရေးကုမ္ပဏီ ၊ ဝမင်းကုမ္ပဏီ၊ အာရှကမ္ဘာမြေ သတ္တုတူးဖော်ရေး၊ Good Morning ဦးကြည်စိုး ၊ဇေပိုင်ကုမ္ပဏီဦးမောင်ဝိတ်၊ MGW ဦးဝင်းအောင် ၊ ကိုရူပနှင့်ဇနီးတို့က အလှူငွေကျပ် (၁ဝ)သိန်းစီတို့ကို အသီးသီး ပေးအပ်ရာ ရန်ကုန်တိုင်းစည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးမောင်မောင်စိုးက ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့သည်။
 
ဆက်လက်၍ အောင်ပွဲရအားကစားသမားများကိုယ်စား အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဦးစီးအရာရှိ မသက်ဖြိုးနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အမှတ်တရ မှတ်တမ်းတင်စုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ပြီး ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
 
အားကစားလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ပြိုင်ပွဲအတွက် ထောက်ပံ့ကူညီ ပေးခြင်း အလှူငွေစုစုပေါင်း မြန်မာငွေကျပ်(၁၁ဝ၆)သိန်းနှင့် အမေရိကန် ဒေါ်လာ(၁ဝဝဝ) ရရှိ ခဲ့ကြောင်း သိရှိရသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%9B-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%AC%E1%80%9C%E1%80%BE%E1%80%B1%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8-%E1%80%82%E1%80%AF%E1%80%8F%E1%80%BA%E1%80%95%E1%80%BC%E1%80%AF%E1%80%86%E1%80%AF%E1%80%81%E1%80%BB%E1%80%AE%E1%80%B8%E1%80%99%E1%80%BC%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8-%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95