spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ

၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ မေ(၁၈)ရက်။    

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်တို့ပူးပေါင်း၍ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်သော လူငယ်/လူရွယ်များဖြစ်ပေါ်လာစေရေး၊ ဘိလိယက်နှင့်စနူကာ အားကစားနည်းကို ယခုထက်ပိုမိုတိုးတက်ဖွံ့ဖြိုးစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ် လာစေရေးတို့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ် လျက်ရှိပြီး ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များအဖြစ် ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲတွင် ချမ်းငြိမ်းသူ(မကွေး)နှင့် ထွန်းထွန်းဝင်း(ဧရာဝတီ) တို့ယှဉ်ပြိုင်ကစားရာ ထွန်းထွန်းဝင်း(ဧရာဝတီ)မှ (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ သန့်ဇော်ထွန်း (ရန်ကုန်)နှင့် ဖြိုးမောင်(ပဲခူး)တို့ယှဉ်ပြိုင်ကစားရာ သန့်ဇော်ထွန်း(ရန်ကုန်)မှ (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ စည်သူစိုး(ပဲခူး)နှင့် အောင်ဆွေမင်း(မကွေး)တို့ယှဉ်ပြိုင်ကစားရာ စည်သူစိုး(ပဲခူး)မှ (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကြည်ဖေလင်း(ဧရာဝတီ)နှင့် အောင်မျိုးဦး(ရှမ်း)တို့ ယှဉ်ပြိုင်ကစားရာ ကြည်ဖေလင်း(ဧရာဝတီ)မှ (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊

စနူကာနှစ်ယောက်တွဲကွာတားဖိုင်နယ်ပြိုင်ပွဲတွင် ကျော်ခန့်လင်း+ထွန်းထွန်းလှိုင်(ရခိုင်)နှင့် စိုးပြည့်သျှန်+ရဲရင့်မှူး(မွန်)တို့ ယှဉ်ပြိုင်ကစားရာ စိုးပြည့်သျှန်+ရဲရင့်မှူး(မွန်)မှ (၂-၁)ဖြင့် လည်းကောင်း၊
စနူကာကွာတားတစ်ဦးချင်းပြိုင်ပွဲတွင် ချစ်မိုးဆွေ(နေပြည်တော်)နှင့် ရာဇာဟန်(ဧရာဝတီ)တို့ ယှဉ်ပြိုင်ကစားရာ ရာဇာဟန်(ဧရာဝတီ)မှ (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဇင်မင်းထက်(ကချင်)နှင့် အောင်နိုင်စိုး(ပဲခူး)တို့ယှဉ်ပြိုင်ကစားရာ ဇင်မင်းထက်(ကချင်)မှ (၂-၁)ပွဲဖြင့်လည်းကောင်း၊ မျိုးကိုထွေး(ရှမ်း)နှင့် စည်သူလွင်(မန္တလေး)တို့ ယှဉ်ပြိုင်ကစားရာ မျိုးကိုထွေး(ရှမ်း)မှ (၂-၁)ပွဲ ဖြင့်လည်းကောင်း၊ အောင်မျိုးထွန်း(တနင်္သာရီ)နှင့် နေလင်းထွန်း(မကွေး)တို့ ယှဉ်ပြိုင်ကစားကြရာ အောင်မျိုးထွန်း(တနင်္သာရီ))မှ (၂-၁)ပွဲဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။ ဆက်လက်ပြီး ဘိလိယက်နှစ်ယောက်တွဲ ရှုံး/ထွက်အဆင့်ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင် ကစားကြပါသည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြိုင်ပွဲစုစုပေါင်း(၁၇)ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်ကစားသမား (၅၂)ဦးသည် ယနေ့နံနက်(၁ဝးဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ ဘိလိယက်ရုံ၌ ယှဉ်ပြိုင်ကစားလျက်ရှိပါသဖြင့် ဘိလိယက်နှင့်စနူကာ အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%98%E1%80%AD%E1%80%9C%E1%80%AD%E1%80%9A%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%85%E1%80%94%E1%80%B0%E1%80%80%E1%80%AC%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%80%E1%80%BD%E1%80%AC%E1%80%90%E1%80%AC%E1%80%B8%E1%80%96%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%85%E1%80%89%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8