spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ ခုနှစ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်းဆင်းပွဲ အခမ်းအနား ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင် တက်ရောက်အမှာစကားပြောကြား

၂ဝ၁၈ ခုနှစ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်းဆင်းပွဲ အခမ်းအနား ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ မတ်လ(၂၁)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်းဆင်းပွဲအခမ်းအနားကို  ယနေ့နံနက် (၉:ဝဝ)နာရီအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ကျင်းပပြုလုပ်ရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ သင်တန်းသို့ တက်ရောက်ခဲ့သည့် သင်တန်းသား/ သင်တန်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။ 

   

ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် အဖက်ဖက်မှ ဆောင်ရွက်လျက်ရှိရာ တဖက်တလှမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်ပြီး အလယ်အလတ် အဆင့် Pre-Intermediate  အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်းကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင် ထူးချွန်ထက်မြတ်သော သင်တန်းသားများကို ဆက်လက်၍ Pre-Intermediate Plus Level နှင့် Intermediate Level သင်တန်းများကို ဆက်လက်သင်ကြား ပို့ချပေးသွားမှာ ဖြစ်ပါကြောင်း၊ သင်တန်းမှထူးချွန်စွာ အောင်မြင်ခဲ့သူများအား ပြည်ပသို့ပညာတော်သင်များ စေလွှတ်၍ တက်ရောက်စေခြင်း၊ ပြည်တွင်းသင်တန်း များပြန်လည်ပို့ချ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားရန် ရည်ရွယ်၍ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ မိမိဌာနသို့ပြန်လည် ရောက်ရှိသောအခါ အခြားဝန်ထမ်းများကို မိမိလေ့လာဆည်းပူးခဲ့ရသောပညာများကို ပြန်လည်ဝေမျှဖို့လိုအပ်ပါကြောင်း၊ လေ့လာသင်ယူခဲ့သော ပညာများကို ပိုမိုကျွမ်းကျင် ပိုင်နိုင်အောင် စဉ်ဆက်မပြတ် လေ့ကျင့်သွားပြီး အကျိုးရှိရှိ ပြန်လည်အသုံးချဝေမျှပြီး အရည်အသွေးပြည့်ဝတဲ့ နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းမှာကြားခဲ့ပါသည်။

ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ သင်တန်းနည်းပြ ဒေါ်လွင်သော်တာဦးအား အမှတ်တရဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး သင်တန်သားကိုယ်စားလှယ်တစ်ဦးအား သင်တန်းဆင်းလက်မှတ် ချီးမြှင့်ခဲ့ပါသည်။ အဆိုပါသင်တန်းကို (၁၂.၃.၂ဝ၁၈)မှ (၂၁.၅.၂ဝ၁၈)အထိ သင်တန်းသား/သူ (၄၂)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8A-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8A