spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၂၉) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်မြန်မာနိုင်ငံမှ အဆင့်(၇)နေရာရရှိ

(၂၉) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်မြန်မာနိုင်ငံမှ အဆင့်(၇)နေရာရရှိ


 

ကွာလာလမ်ပူ၊ သြဂုတ်လ (၃၀)ရက်။        

မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပ နေသည့် ၂၀၁၇ခုနှစ် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို ကွာလာလမ်ပူ မြို့ရှိ အားကစားကွင်း၊ အားကစားရုံ အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိရာ MITEC Hall (3) ၌ ကျင်းပပြုလုပ်သော အလေးမအားကစားနည်းမှ အမျိုးသား(၈၅)ကီလိုတန်း (A) တွင် မြန်မာနိုင်ငံမှ စသန်းထိုက်၀င်း ၀င်ရောက်ယှဉ်ပြိုင်ရာ အမြန်မတွင် (၁၃၀)ကီလိုနှင့် နှစ်ဆင့်မတွင် (၁၆၅)ကီလို စုစုပေါင်း (၂၉၅)ကီလို ဖြင့် အဆင့်(၅)နေရာရရှိခဲ့ပါသည်။
ပြိုင်ပွဲများအပြီးတွင် မြန်မာနိုင်ငံမှ ရွှေ (၇)ခု၊ ငွေ(၁၀)ခု၊ ကြေး(၂၀)ခု စုစုပေါင်း ဆုတံဆိပ်(၃၇) ဖြင့် နိုင်ငံအလိုက်ရပ်တည်မှု အဆင့်(၇)နေရာ ရရှိခဲ့ပါသည်။
ပြိုင်ပွဲ၏ ပိတ်ပွဲအခမ်းအနားအား သြဂုတ်လ(၃၀)ရက်နေ့ ဒေသစံတော်ချိန် ည(၈)နာရီခွဲ အချိန်တွင်National Stadium Bukit Jalil အားကစားကွင်း၌ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%89-%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%99%E1%80%BE-%E1%80%A1%E1%80%86%E1%80%84%E1%80%BA%E1%80%B7%E1%81%87%E1%80%94%E1%80%B1%E1%80%9B%E1%80%AC%E1%80%9B%E1%80%9B%E1%80%BE%E1%80%AD