spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ ခုနှစ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တားမြစ်ဆေးဝါးလုပ်ငန်းစဉ်များအားသိရှိစေရန် Introductory Course for Anti-Doping အကြိုသင်တန်းဖွင့်ပွဲကျင်းပ

၂ဝ၁၈ ခုနှစ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တားမြစ်ဆေးဝါးလုပ်ငန်းစဉ်များအားသိရှိစေရန် Introductory Course for Anti-Doping အကြိုသင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော်၊ မေ(၂၅)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တားမြစ်ဆေးဝါးလုပ်ငန်းစဉ်များအား သိရှိနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ Introductory Course for Anti-Doping Trainings အကြိုမိတ်ဆက်သင်တန်းအား  ယနေ့နံနက် (၉:ဝဝ)နာရီအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများ၊ ကျွမ်းကျင်သူဒေါက်တာမြလေးစိန်နှင့် ဟောပြောပို့ချမည့်ဆရာများ၊ သင်တန်းသား/သူ များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။ 

ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဆန်းက အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မား စေရေးအတွက် အဖက်ဖက်မှ ကြိုးစားဆောင်ရွက်လျက်ရှိရာ အားကစားနှင့်ကာယပညာဦးစီးဌာန တစ်ခုတည်းနှင့် မလုံလောက်ကြောင်း၊ အခြားသောဌာနများမှလည်း ပညာရပ်ပိုင်းဆိုင်ရာများအား ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ အားကစားလုပ်ငန်းများ ပိုမိုအောင်မြင်လာမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင်လည်း ဥပဒေပညာရှင်များ၊ ဆေးဝါးပညာရှင်များ ပါဝင်တက်ရောက်ကြ သည့်အတွက် အလွန်ပင်ဝမ်းသာမိပါကြောင်း၊ တားမြစ်ဆေးဝါးအကြောင်းနှင့် ပက်သက်၍ ကျွမ်းကျင်သူဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများမှ ပြန်လည်ဝေမျှပေးမည်ဖြစ်သည့်အတွက် Anti-Doping ဆိုင်ရာပညာများ ရရှိနိုင်မည်ဖြစ်၍ တက်ရောက်ကြသည့်သူများအနေနှင့်လည်း တားမြစ်ဆေးနှင့်ပက်သက်သောကိစ္စများကို ထဲထဲဝင်ဝင် လေ့လာမှတ်သားသွားကြရန် တိုက်တွန်း မှာကြားခဲ့ပါသည်။ ဆက်လက်ပြီး ကျွမ်းကျင်သူဒေါက်တာမြလေးစိန်က Overview of Anti-Doping, Therapeutic Use Exemption (TUE), Results Management (RM) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါက်တာသီရိထိုက်စံမှ Anti-Doping Education ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါက်တာထက်ဝေမှ Anti-Doping Administration & Management System (ADAMS) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါက်တာချစ်ဝေဖြိုးမှ Urine & Blood Sample Collection ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8A-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%99%E1%80%BE-0