spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ

၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ မေ(၂၈)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ပူးပေါင်း၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်သော လူငယ်/လူရွယ်များဖြစ်ပေါ်လာစေရေး၊ ဘော်လီဘောအားကစားနည်းကို ယခုထက် ပိုမိုတိုးတက် ဖွံ့ဖြိုးစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးတို့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘော်လီဘောပြိုင်ပွဲ အမျိုးသား/အမျိုးသမီး ကွာတားဖိုင်နယ်ပွဲစဉ်များကို ယနေ့ နံနက်(၈:ဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ စတင်ယှဉ်ပြိုင်ကစားလျက်ရှိ ပါသည်။

ရှေးဦစွာ အမျိုးသားကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်အသင်းတို့ယှဉ်ပြိုင်ကစားရာ နေပြည်တော်အသင်းမှ(၃-၂)ပွဲဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ရန်ကုန်တိုင်း ဒေသကြီးအသင်းမှ(၃-၁)ပွဲဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အသင်းတို့ယှဉ်ပြိုင်ကစားကြရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ(၃)ပွဲပြတ်ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်း ဒေသကြီးအသင်းမှ (၃)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိသွားပါသည်။

ဆက်လက်ပြီး အမျိုးသမီးကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီး အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ယှဉ်ပြိုင်ကစားရာ မန္တလေးတိုင်းဒေသကြီးအသင်းမှ (၃)ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိသွားပါသည်။  ထို့နောက် ကချင်ပြည်နယ်အသင်း နှင့် တနင်္သာရီတိုင်းဒေသကြီးအသင်း၊ ကယားပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားလျက် ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို   (၂၉.၅.၂ဝ၁၈)ရက် နံနက်(၈)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B)၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသောမိဘပြည်သူများ အနေဖြင့် အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%98%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%AE%E1%80%98%E1%80%B1%E1%80%AC%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-2