spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ၂ဝ၁၈-၂ဝ၁၉ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ် သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတက်ရောက်ဖွင့်လှစ်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ၂ဝ၁၈-၂ဝ၁၉ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ် သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတက်ရောက်ဖွင့်လှစ်

ရန်ကုန်၊ ဇွန်လ( ၁)ရက်။                     

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးတက်ရောက်ကာ အဖွင့်အမှာစကားပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကြ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကြ ဦးလင်းနိုင်မြင့်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်း ဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချူပ် ဦးကျော်ဆန်း၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ဒုတိယကျောင်းအုပ်ကြီးများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ ပြန်လည်စိစစ်ရေး အဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးအောင်ဒင်နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများနှင့် ဒုတိယဥက္ကများနှင့်အလှူရှင်များ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

အစီအစဉ်အရ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားမည့် သင်တန်းသားဦးရေစာရင်းအား ဖတ်ကြားပါသည်။

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးမှ တက်ရောက်အဖွင့် အမှာစကားပြောကြားရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန အနေဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုတဲ့ ဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတာနှင့်အညီ တိုင်းဒေသကြီးနှင့်ပြည်နယ်အနှံ့က မျိုးဆက်သစ်အားကစားသမားများကို ရှာဖွေဖော်ထုတ်ပြီး ပညာရည်ပြည့်ဝ၍ ထူးချွန်ထက်မြက်ပြီး ကျန်းမာကြံ့ခိုင်သောအားကစားသမားကောင်းများအဖြစ် ပြုစုထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ထိုသို့ လေ့ကျင့်သင်ကြားပေးပြီး တချိန်ချိန်မှာ ကျွန်တော်တို့နိုင်ငံကို ကိုယ်စားပြုမယ့် အားကစားထူးချွန်သော အားကစားသမားကောင်းများဖြစ်လာမယ့်သူများကတော့ ယခုသင်တန်းတက်ရောက် လာကြသည့် မောင်တို့/မယ်တို့ ပင်ဖြစ်ပါကြောင်း၊ ဤအားကစားသင်တန်းကျောင်းကြီးမှ မျိုးဆက်သစ်အားကစားသမားများအနေဖြင့် နိုင်ငံကိုယ်စားပြု လက်ရွေးစင်အားကစားသမားများဖြစ်သည်အထိ သံဓ္ဓိဌာန်ချပြီး တစိုက်မတ်မတ်ကြိုးစားသွားဖို့ လိုအပ်ပါကြောင်း၊ နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင် ကစားရတဲ့ ပြိုင်ပွဲ တိုင်းမှာ အမိနိုင်ငံတော်အတွက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်တွေ ရယူပေးမယ်ဆိုရင် နိုင်ငံတကာ အလယ်မှာ ဂုဏ်ယူဝံ့ကြွားစွာဖြင့် နိုင်ငံတော်အလံလွှင့်ထူပြီး နိုင်ငံတော် သီချင်းများကို သံပြိုင်သီဆိုခွင့်ရပြီး ကြက်သီးထလောက်အောင် ဝမ်းသာပီတိဖြစ်ရပါတယ်၊ ဒါကြောင့် မောင်တို့/မယ်တို့အနေဖြင့် နိုင်ငံတကာအလယ်မှာ မိမိတက်ကျွမ်းတတ် မြောက်ထားတဲ့ အားကစားနည်းများဖြင့်ကြိုးစား ယှဉ်ပြိုင် သွားကြပါလို့ တိုက်တွန်းလိုကြောင်း၊ ထူးချွန်ပြီးနိုင်ငံတကာ ပြိုင်ပွဲများဖြစ်သည့် အာရှအဆင့်၊ အရှေ့တောင် အာရှအဆင့် ပြိုင်ပွဲများမှာ ဆုတံဆိပ်တွေ ရယူပေးခဲ့သည့် အားကစားသမားများ၏ ဘဝနောင်ရေးအတွက် စိတ်အေးရအောင် ဝန်ကြီးဌာန အနေဖြင့် အရာရှိ/အရာထမ်းနှင့် နည်းစနစ်မှူးများကို စဉ်ဆက်မပြတ် စဉ်းစားခန့်ထား ပေးလျက်ရှိပါကြောင်း၊ ဒီလိုခန့်ထားပေးမှသာလျှင် အားကစားသမားများရဲ့ ဘဝနောင်ရေး စိတ်အေးရမှာဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ သင်တန်းကို (၁၉၉၂-  ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့) မှစတင်ဖွင့်လှစ်ခဲ့ပြီး ၂ဝဝ၂-ခုနှစ်မှာတော့ အားကစား နှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ဟုပြောင်းလဲသတ်မှတ်ခဲ့ရပြီး ဤသင်တန်းများတွင် အားကစား နည်းပြသင်တန်းများ/ကာယဆရာဖြစ်သင်တန်းများသာ ဖွင့်လှစ်သင်ကြားပေးခဲ့ရာမှ အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေးအတွက် အားကစားသမားများကို ရေရှည်ပြုစုပျိုးထောင်ပေးမဲ့ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်း၊ လေ့ကျင့်ရေးသင်တန်း  ကိုတော့ ၁၉၉၇ -ခုနှစ် သြဂုတ်လ (၁)ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပါကြောင်း၊ အဲဒီနောက်မှာ အချိန်တိုအတွင်း လက်ရွေးစင်အားကစားသမားများပေါ်ထွက်လာစေဖို့ အားကစားတစ်မျိုးထဲကိုသာ သီးသန့်သင်ကြားပေးတဲ့ အားကစားလေ့ကျင့်ရေးသင်တန်းကို  ၂ဝဝ၂ -ခုနှစ်မှ ၂ဝ၁၂-ခုနှစ်အထိ လေ့ကျင့်သင်ကြားပေးခဲ့တာကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ရဲ့ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်အတွင်းမှာဆိုရင် ပြည်တွင်းပြည်ပအားကစားပြိုင်ပွဲ များတွင် အားကစားနည်း (၂၅)နည်းမှ ရွှေတံဆိပ် (၁၇၂)ခု၊ ငွေတံဆိပ်(၁၅၉)ခု၊ ကြေးတံဆိပ်(၁၈၅)ခု စုစုပေါင်း(၅၁၆)ခု ဆွတ်ခူးရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့လို့ အထူးပင် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ နိဂုံးချုပ် အနေဖြင့် သင်တန်းသား/သင်တန်းသူများအားလုံး နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးနိုင်သူများ ဖြစ်အောင် ကြိုးစားသွားကြပါ၊ မြန်မာ့အားကစားလောကဖွံ့ဖြိုးတိုးတက်ရန်အတွက်  အားကစားသိပ္ပံကျောင်းများနှင့် အားကစားအဖွဲ့ချုပ်များ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အားကစားပြိုင်ပွဲများတွင်အောင်မြင်မှုများ ရရှိနိုင်ရန်အတွက် သိပ္ပံနည်းကျလေ့ကျင့်သင်ကြားခြင်း၊ အားကစားနှင့်ဆိုင်သောဇီဝကမ္မဗေဒပညာ၊ အားကစား ဆိုင်ရာ စိတ်ပညာရပ်များကိုလည်း သိရှိနားလည်ရန် အရေးကြီးပြီး  စိတ်ဓါတ်နှင့်ခံယူမှု ကောင်းရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)သင်တန်းကျောင်းသို့ အလှူငွေများ ပေးအပ်လှူဒါန်းရာ ES4E -MD Forever Group တို့မှ အလှူငွေကျပ် သိန်း(၁ဝဝ)စီကိုလည်းကောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှအလှူငွေကျပ် (၂၅)သိန်းနှင့် နိုင်ငံခြားဖြစ်ကန်ဘောလုံး (၂ဝဝ) လုံးတို့အားလည်းကောင်း၊ မြန်မာနိုင်ငံရိုးရာအဖွဲ့ချုပ် ဇေကမ္ဘာ ကုမ္ပဏီလီမိတက် မှ အလှူငွေ (၂၅)သိန်း၊ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှ အလှူငွေ (၅) CB Bank ဒုတိယဥက္ကဌ (၁) ဦးကျော်လင်းမှ အလှူငွေကျပ် (၂ဝ)သိန်း၊ အားကစားဝန်ကြီးဌာန အမြဲတန်းအတွင်းဝန်(ငြိမ်း) မြင့်ရင်းနှီးမြှပ်နှံရေးကုမ္ပဏီ MD  ဦးဇော်ဟိန်း၊ ဓနုဖြူ ဒေါ်စောရီမှ ဦးဇော်မိုးနှင့်ဇနီး၊ Coca Cola Myanmar တို့မှအလှူငွေကျပ်(၁၅)သိန်းစီတို့အားလည်းကောင်း၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် မှ အလှူငွေကျပ်(၁ဝ)သိန်း၊ Jewellery Luck Group Co.,Ltd မှ ဦးသောင်းထိုက်မင်းမှ လှူဒါန်းငွေကျပ်(၅)သိန်း၊ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဥက္ကဌ  ဦးခင်မောင်ဝင်း၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းထွန်း ၊ Winner Sports MD ဦးတောက်ထွန်း၊ 100 Plus အချိုရည်၊ Pocari Sweat  အချိုရည် ၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် တို့က အလှူငွေကျပ် (၁ဝ)သိန်းစီအားလည်းကောင်း၊ မြန်မာနိုင်ငံလေထီးအဖွဲ့ချုပ်အတွင်းရေးမှူး ဗိုလ်မှူးအောင်နိုင်သူ၊ မြန်မာနိုင်ငံဓါးခုတ်နှင့်ကမ်ပို အဖွဲ့ချုပ် ဥက္ကဌ ဦးကျော်မိုးနိုင်၊ ရန်ကုန်တိုင်းဒေသကြီး စက်ဘီးဆပ်ကော်မတီ ဒုတိယဥက္ကဌ  ဦးကျော်ကျော်ထွန်း၊ Road Star Bike Shop    မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးထင်ကျော်လင်း၊ မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် ဥက္ကဌ ဦးအောင်ပိုင်၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်၊ GRAND GUARDIAN INSURANLE ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမျိုးနောင်၊ မြန်မာနိုင်ငံရိုးရာအဖွဲ့ချုပ်နှင့်အိုလံပစ်သောက်ရေသန့်တို့မှ လှူဒါန်းငွေကျပ် (၅)သိန်းစီတို့အား လည်းကောင်း၊ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ ဘောလုံးအသင်း၊ မြန်မာ ဘတ်စကက်ဘောအဖွဲ့ချုပ်၊ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ် တို့မှ လှူဒါန်းငွေကျပ် (၃)သိန်းစီတို့အားလည်းကောင်း၊  ဦးလှရွှေ (ရွှေဌေးကားပစ္စည်း ရောင်းဝယ်ရေး) နှင့် ဦးခင်မောင်ထွေး (Shell ကားရေဆေး/ဆီထိုး) လုပ်ငန်းတို့မှ လှူဒါန်းငွေကျပ် (၅သိန်း၅သောင်း)စီတို့အားလည်းကောင်း ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ  ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ မြန်မာနိုင်ငံ  အားကစားအဖွဲ့ချုပ် ပြန်လည်ရွေးချယ်ရေး အဖွဲ့ခေါင်းဆောင် ဦးအောင်ဒင်တို့မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ခဲ့သည်။

ယနေ့အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)သို့ လှူဒါန်းငွေ စုစုပေါင်းမှာ (၄၈၅)သိန်းတို့အား အလှူရှင်များမှ လှူဒါန်းပေးခဲ့ကြပါသည်။

ဆက်လက်ပြီး အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/သင်တန်းသူ များက ကရာတေးဒို၊ ဝူရှူး(ထောက်လု)တိုက်ကွမ်ဒိုနှင့် ကျွမ်းဘားအားကစားနည်းများဖြင့် သရုပ်ပြသကစားပြကြပြီးနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့်တာဝန်ရှိသူများက အားကစားအလိုက် ခင်းကျင်းပြသထားသည့် အားကစားအထောက်အကူပြု ပစ္စည်းများအား လိုက်လံကြည့်ရှုရာ ကျောင်းအုပ်ကြီး ဦးစိုးအောင်မှ ရှင်းလင်းပြသခဲ့သည်။

အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်း ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် အမျိုးသားသင်တန်းသား(၂၅၉)ဦး၊ အမျိုးသမီးသင်တန်းသား(၂၂၄)ဦး၊ စုစုပေါင်းသင်တန်းသား (၄၈၃)ဦးတို့သည် ရေကူး/ဒိုင်ဗင်၊ မြားပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ လက်ဝှေ့၊ ကနူး/ကယက်၊ စက်ဘီး၊ အမျိုးသား/အမျိုးသမီး(ဘောလုံး)၊ ဖူဆယ်၊ ကျွမ်းဘား၊ ဂျူဒို၊ ကရာတေးဒို၊ အပြည်ပြည်ဆိုင်ရာလှေ၊ ရွက်လှေ၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ ဘော်လီဘော၊ အလေးမနှင့် ဝူရှူး (ထောက်လု/ဆန်းဆို) စုစုပေါင်း အားကစားနည်း(၂၃)နည်း လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်ပါကြောင်း သတင်းရရှိသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8A%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%9E%E1%80%AD%E1%80%95%E1%80%B9%E1%80%95%E1%80%B6%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%81%8A-%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%81%82%E1%80%9D%E1%81%81%E1%81%89%E1%80%95%E1%80%8A%E1%80%AC%E1%80%9E%E1%80%84%E1%80%BA%E1%80%94%E1%80%BE%E1%80%85%E1%80%BA