spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > Doping Control Officer (DCO) Training - 2018 ဖွင့်ပွဲကျင်းပ

Doping Control Officer (DCO) Training - 2018 ဖွင့်ပွဲကျင်းပ

ရန်ကုန်၊ ဇွန်လ(  ၈ )ရက်။         

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့်  19th ASEAN UNIVERSITY  GAMES-2018 အားကစားပြိုင်ပွဲနှင့်  တားမြစ်ဆေးဝါးလုပ်ငန်း စဉ်များ လုပ်ဆောင်နိုင်ရန်နှင့် အခြားအပြည်ပြည်ဆိုင်ရာ အားကစားပြိုင်ပွဲတွေပါ Doping  ကင်းစင်စေရေးတို့အတွက် ရည်ရွယ်၍ ယနေ့နံနက်(၈)နာရီက ရန်ကုန်မြို့ ကျိုက္ကဆံကွင်းရှိ  အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းခန်းမ၌  Doping Control  Officer (DCO) Training - 2018 သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ဒုတိယကျောင်းအုပ်ကြီး နှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကျွမ်းကျင်ပညာရှင် ဒေါက်တာ မြလေးစိန်၊ အရှေ့တောင်အာရှတားမြစ်ဆေးဝါး ဆန့်ကျင်ရေးအဖွဲ့ (SEARADO) မှ Director General Mr. Gabinathan Nair နှင့် သင်တန်းနည်းပြဆရာများ တက်ရောက် ကြသည်။

ဆက်လက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကျွမ်းကျင်ပညာရှင် ဒေါက်တာ မြလေးစိန် က သင်တန်းဖွင့်အမှာစကားပြောကြားပြီး အရှေ့တောင်အာရှ တားမြစ်ဆေးဝါး ဆန့်ကျင်ရေးအဖွဲ့ (SEARADO) မှ Director General Mr. Gabinathan Nair ကသင်တန်းဖွင့်လှစ်ပေးရခြင်း အကြောင်းရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကျွမ်းကျင်ပညာရှင် ဒေါက်တာ မြလေးစိန် က သင်တန်းပို့ချပေးမည့် သင်တန်းနည်းပြဆရာ(၄)ဦးတို့အား အမှတ်တရ အထိမ်းအမှတ်  ပစ္စည်းများပေးအပ်ခဲ့ကြောင်းနှင့် ယခုသင်တန်းသို့ DCO Training  သင်တန်း တက်မည့် သင်တန်းသား/သင်တန်းသူ ဆရာဝန်(၁၆)ဦးနှင့် အားကစား နှင့်ကာယပညာဦးစီး ဌာနမှ သင်တန်းသား/သင်တန်းသူ(၁၄)ဦးတို့ တက်ရောက် သင်ကြားလျက်ရှိကြောင်း သတင်းရရှိသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/doping-control-officer-dco-training-2018-%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95