spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၁/၂ဝ၁၈) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၁/၂ဝ၁၈) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇွန်(၁၁)ရက်။       

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂ဝ၁၈)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်တွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ် ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ သင်တန်းသား/သူ များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်သည့်သင်တန်းကို တက်ရောက်ကြသူများသိရှိထားသည့်အတိုင်း ယခုခေတ်သည် အရည်အချင်းကို ဦးစားပေးသည့်ခေတ်ဖြစ်သည့်အတွက် ယခင်ကလို အရေအတွက်ကို ဦးစားပေးစနစ်မဟုတ်တော့ကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသောဝန်ထမ်းများအနေဖြင့် စွမ်းရည်ပြည့်ဝပြီး ထူးချွန်ထက်မြက်သည့်ဝန်ထမ်းကောင်းများဖြစ်ပေါ်လာစေရေးရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများ အနေနှင့် မိမိတို့ရုံးလုပ်ငန်းဆိုင်ရာနည်းဥပဒေများ၊ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း/စည်းကမ်းများကို ကောင်းစွာသိရှိနားလည်စေရန်နှင့် ရိုးသားဖြောင့်မတ်စွာ တာဝန်ထမ်းဆောင်နိုင်စေရန်အတွက် သင်တန်းဖွင့်လှစ်ခဲ့သည်မှာ ယခုဆို(၆)ကြိမ်တိတိရှိပြီးဖြစ်ကြောင်း၊ သင်တန်းသား/သူများသည် ဌာနမှတာဝန်ရှိပုဂ္ဂိုလ်များကအချိန်ကုန်၊ ငွေကုန်၊ လူအပင်ပန်းခံပြီး ဖွင့်လှစ်ပို့ချပေးသည့် သင်တန်းဖြစ်သည့်အတွက် သေချာလေ့လာသင်ယူ ကြိုးစားကြစေလိုကြောင်း၊ သင်တန်းကျရှုံးခဲ့ရင် နောက်တစ်ကြိမ်ပြန်လည် တက်ရောက်ရမှာဖြစ်ပြီး သင်တန်းတွင်ထူးချွန်စွာ အောင်မြင်သူများသည် ရာထူးတိုးစိစစ်ရွေးချယ်သည့်အခါ ဦးစားပေးအဆင့် သတ်မှတ်ခံရမှာဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင်ကြားပို့ချသောသင်ခန်းစာများကို ဂရုတစိုက် လေ့လာသင်ကြားပြီး သင်တန်းကို မပျက်မကွက် စည်းကမ်းရှိစွာတက်ရောက် ကြစေလိုကြောင်း၊ သင်တန်းကာလအတွင်းအခက်အခဲများကို သင်တန်းတာဝန်ခံများမှတစ်ဆင့် ပွင့်လင်းစွာတင်ပြစေလိုကြောင်း၊ မိမိကောင်းဖို့အတွက် မဟုတ်ပဲ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ မိမိတို့ဌာနတိုးတက်အောင်မြင်ရေး အတွက်ကြိုးစားဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားရင်း အခမ်းအနားကိုရုတ်သိမ်းခဲ့ ကြောင်း သတင်းရရှိသည်။

အဆိုပါ သင်တန်းကို (၁၁-၆-၂ဝ၁၈)ရက်မှ (၂၂-၆-၂ဝ၁၈)ရက်အထိ သင်တန်းသား(၂၁)ဦးနှင့်သင်တန်းသူ(၆ဝ)ဦး စုစုပေါင်း (၈၁)ဦး ဖြင့်တက်ရောက်သင်ကြားသွား မည်ဖြစ်ကြောင်း သိရှိရသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8A-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8A