spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ်၊ (၁၆)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဆုပေးပွဲကျင်းပ

၂ဝ၁၈ခုနှစ်၊ (၁၆)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဆုပေးပွဲကျင်းပ

ရန်ကုန်၊ ဇွန်လ( ၁၃)ရက်။         

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး ကျင်းပသော၂ဝ၁၈ခုနှစ်၊ (၁၆)ကြိမ်မြောက် တိုင်းဒေသကြီး နှင့်ပြည်နယ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ နောက်ဆုံးနေ့ ဗိုလ်လုပွဲစဉ်(၁၄)ပွဲများကို မွန်းလွဲ(၁)နာရီ တွင် ရန်ကုန်မြို့  သိမ်ဖြူရိုးရာလက်ဝှေ့ပြိုင်ပွဲရုံ၌ စတင်ကျင်းပပြီး ပြိုင်ပွဲအပြီး ဆုပေးပွဲ အခမ်း အနားကို ဆက်လက်ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက လူသစ်တန်းအကောင်းဆုံး အားကစားသမားဆုရ (၅၇)ကီလိုတန်းမှ ရွှေဘ(ပဲခူး)အားငွေသားဆုနှင့်  ဆုတံဆိပ်များ ကိုပေးအပ် ချီးမြှင့်၍ လည်းကောင်း ၊ကရင်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးစောမြင့်ဦးက (ဂ)အဆင့် အကောင်းဆုံး အားကစားသမားဆုရ (၅၇)ကီလိုတန်းမှ စောစိုးမင်းထိုက်(ကရင်)အား ငွေသားဆုနှင့်  ဆုတံဆိပ်များကိုပေးအပ်ချီးမြှင့်၍ လည်းကောင်း၊ ကရင်ပြည်နယ်အစိုးရ ပအိုင်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးခွန်မျိုးတင့်က (ခ)အဆင့်ပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမား ဆုရ (၆၃ ဒသမ ၅ ကီလိုတန်း)မှ သွေးသစ်မောင်(ရန်ကုန်)အား ငွေသားဆုနှင့်  ဆုတံဆိပ်များကိုပေးအပ်ချီးမြှင့်၍လည်းကောင်း၊ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့ဥက္ကဌ  ဦးသိန်းအောင်  နှင့် ဒုတိယဥက္ကဌများက (က)အဆင့်ပြိုင်ပွဲတွင် အကောင်းဆုံး အားကစား သမားဆုရ (၅၁)ကီလိုတန်းမှ သိန်းစိုး(ရန်ကုန်)၊ အမျိုးသမီး အကောင်းဆုံး အားကစားသမား ဆုရ (၅၄)ကီလိုတန်းမှ မာရီးနာ(ရန်ကုန်)၊ လူသစ်တန်း အကောင်းဆုံးအရှုံးသမားဆုရ (၆၃ ဒသမ ၅ ကီလိုတန်း)မှ အောင်ခန့်ညား (မန္တလေး) ၊(ခ)အဆင့် ပြိုင်ပွဲတွင်အကြိုးစားဆုံး အားကစားသမားဆုရ (၇၁)ကီလိုတန်းမှ ရွှေဝင်း( ရန်ကုန်)တို့အား ငွေသားဆုနှင့်  ဆုတံဆိပ် များကို အသီးသီး ပေးအပ်ခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် နာယက ဦးခင်မောင်ထွန်းက လူသစ်တန်းတံခွန်စိုက်ဆုကို ရွှေ(၅)ခု၊ ငွေ(၁)ခု၊ ကြေး(၂)ခုဖြင့် ရရှိသွားသော ကရင် ပြည်နယ်အသင်းအား ငွေသားဆုနှင့်အတူ တံခွန်စိုက်ဆုဖလားကို ပေးအပ်၍လည်းကောင်း၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးနေဝင်းက (ဂ)အဆင့်ပြိုင်ပွဲတွင် ရွှေ(၃)ခု၊ ငွေ(၃)ခု၊ကြေး(၁)ခု ရရှိသွားသော ကရင်ပြည်နယ်အသင်းအား ငွေသားဆုနှင့်အတူ တံခွန်စိုက်ဆုဖလားကို ပေးအပ်၍လည်းကောင်း၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးသိန်းထွန်းက (ခ)အဆင့်ပြိုင်ပွဲတွင် ရွှေ(၅)ခု၊ ငွေ(၁)ခု ရရှိသွားသော ကရင် ပြည်နယ်အသင်းအား ငွေသားဆုနှင့်အတူ တံခွန်စိုက်ဆုဖလားကို ပေးအပ်၍လည်းကောင်း၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် CEO ဦးမောင်ဝင်းက (က)အဆင့်ပြိုင်ပွဲတွင် ရွှေ(၃)ခု၊ ငွေ(၁)ခု၊ကြေး(၁)ခုရရှိသွားသော ကရင်ပြည်နယ်အသင်းအား ငွေသားဆုနှင့်အတူ တံခွန်စိုက် ဆုဖလားကို ပေးအပ်၍လည်းကောင်း၊ ဒေါက်တာဖြိုးကိုကိုနိုင်က အမျိုးသမီးတံခွန်စိုက်ဆုရ ရွှေ(၁)ခု၊ ငွေ(၁)ခု၊ ကြေး(၁)ခုဖြင့် ပူးတွဲရရှိသွားသော ရန်ကုန်နှင့်ပဲခူးအား ငွေသားဆုနှင့်အတူ တံခွန်စိုက် ဆုဖလားကို ပေးအပ်၍လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကိုယ်စား အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်က စုပေါင်းတံခွန်စိုက်ဆုရရှိသော ရွှေ(၉)ခု၊ ငွေ(၄)ခု၊ ကြေး(၅)ခုဖြင့် ကရင်ပြည်နယ်အသင်းအား ငွေသားဆုနှင့် အတူစုပေါင်းတံခွန်စိုက်ဆုဖလားအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

၂ဝ၁၈ခုနှစ် (၁၆)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာရိုးရာလက်ဝှေ့ ပြိုင်ပွဲ အတွက် ပံ့ပိုးအလှူငွေများကို Myanmar Developers Association မှ ကျပ်သိန်း(၅ဝ)၊ SOGO လျှပ်စစ်ပစ္စည်းမှ ငွေကျပ်သိန်း(၃ဝ) ၊ ဒေါက်တာခင်မောင်ထွန်း+ ဒေါ်ဥမ္မာသန်း (ထက်လင်း) မှ ငွေကျပ်(၁၅)သိန်း ၊ 50th Media မှ MD ဦးစိုးမိုးအောင်မှ ငွေကျပ်(၁၅)သိန်း၊ ဦးစိုင်းဇော်ဇော် TKO မှ ငွေကျပ်(၈)သိန်း၊ ATM သောက်ရေသန့်မှ ငွေကျပ်(၃)သိန်း၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် နာယက ဦးစိုးထွန်းရှိန်က ဗိုလ်လုပွဲပြိုင်ပွဲတစ်လျှောက် အနိုင်ရသူအား  ငွေကျပ်(၅)သောင်းနှင့် ရှုံးနိမ့်သူအား ငွေကျပ်(၂)သောင်း၊ ဒေါက်တာဦးခင်မောင်ထွန်း (ထက်လင်း) တို့က ဗိုလ်လုပွဲပြိုင်ပွဲတစ်လျှောက် အနိုင်ရသူအား  ငွေကျပ်(၃)သောင်းနှင့် ဒိုင်များအား ငွေကျပ်(၁)သောင်းစီ အသီးသီးပံ့ပိုးခဲ့ကြောင်း သိရှိရသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%81%81%E1%81%86%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%AC%E1%80%9C%E1%80%80%E1%80%BA%E1%80%9D%E1%80%BE%E1%80%B1%E1%80%B7%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2