spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဆက်လက်ကျင်းပ

၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဇွန်လ(၁၆)ရက်။            

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစားပွဲတင်းနစ်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ မျိုးဆက်သစ် စားပွဲတင်တင်းနစ်အားကစားသမားများ ပေါ်ထွက်လာစေရန်အတွက်  ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ယနေ့ နံနက် (၉:ဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ အမျိုးသားနှစ်ယောက်တွဲ ပွဲစဉ်များအဖြစ် ဆက်လက်ကျင်းပရာ ပြိုင်ပွဲများအပြီးတွင် ဟောင်းခေါင်၊ဟောင်းလွမ် (မန္တလေးတိုင်းဒေသကြီး) မှပထမ၊ ဟိန်းကိုလှိုင်၊ မင်းသူဟိန်း (ပဲခူးတိုင်းဒေသကြီး)မှ ဒုတိယ၊ ဇွဲထက်နောင်၊ ကောင်းဆက်လင်း(ဧရာဝတီတိုင်းဒေသကြီး) နှင့် ဇော်သူကိုကို၊ အောင်မြင့်မြတ်(ရန်ကုန်တိုင်းဒေသကြီး)တို့မှ ပူးတွဲတတိယ၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် နန်းဆက်ဝါ၊မေခြူးခိုင်(ရန်ကုန်တိုင်းဒေသကြီး)မှ ပထမ၊ အိမ့်မြတ်ချယ်၊ နှင်းဝတ်ရည်လှိုင်(ရန်ကုန်တိုင်းဒေသကြီး)မှ ဒုတိယ၊ ဝေဝေအောင်၊ အိအိထွေး (မန္တလေးတိုင်းဒေသကြီး) နှင့် အေးသီရိထွန်း၊သက်နှင်းဇော် (ဧရာဝတီတိုင်းဒေသကြီး)တို့မှ ပူးတွဲတတိယ၊ အမျိုးသား/အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ဟောင်းခေါင်၊ဝေဝေအောင်(မန္တလေးတိုင်းဒေသကြီး) မှ ပထမ၊ ရဝေမင်းသွင်၊ သန္တာရွှေစင်(ကရင်ပြည်နယ်)မှ ဒုတိယ၊ ကျော်ခန့်နိုင်၊ ကြိုင်ကြိုင်သင်း (မန္တလေးတိုင်းဒေသကြီး)နှင့် ဇော်သူကိုကို၊ မိမိမော် (ရန်ကုန်တိုင်းဒေသကြီး) တို့မှ ပူးတွဲတတိယဖြင့် အသီးသီးအနိုင်ရရှိသွားပါသည်။

ထို့နောက်၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး စားပွဲတင်တင်းနစ် တစ်ယောက်ချင်းပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားလျက်ပြီး  အားကစားကို စိတ်ပါဝင်စားသူ မိဘပြည်သူများအနေဖြင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)ရုံတွင် (၁၅.၆.၂ဝ၁၈)မှ (၁၉.၆.၂ဝ၁၈)ထိ နေ့စဉ်နံနက် (၉:ဝဝ) နာရီမှ စတင်၍  အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ပါကြောင်း သတင်း ရရှိပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%84%E1%80%BA%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%85%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95