နေပြည်တော်၊ ဇွန်လ(၁၇)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစားပွဲတင်းနစ်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ မျိုးဆက်သစ် စားပွဲတင်တင်းနစ်အားကစားသမားများ ပေါ်ထွက်လာစေရန်အတွက် ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီး နှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ယနေ့ နံနက် (၉:ဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ အမျိုးသား/အမျိုးသမီးတစ်ဦးချင်းပွဲစဉ်များအဖြစ် ဆက်လက်ကျင်းပရာ ပြိုင်ပွဲများအပြီးတွင် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ဝေဝေအောင် (မန္တလေးတိုင်းဒေသကြီး) မှပထမ၊ နန်းဆက်ဝါ (ရန်ကုန်တိုင်းဒေသကြီး)မှ ဒုတိယ၊ အိမ့်မြတ်ချယ်(ရန်ကုန်တိုင်းဒေသကြီး)နှင့် ကြိုင်ကြိုင်သင်း (မန္တလေးတိုင်းဒေသကြီး)တို့မှ ပူးတွဲတတိယဖြင့် အသီးသီးအနိုင်ရရှိသွားပါသည်။
ထို့နောက်၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ အမျိုးသား တစ်ဦးချင်းပွဲစဉ်များနှင့် အုပ်စုပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားလျက်ပြီး အားကစားကို စိတ်ပါဝင်စားသူ မိဘပြည်သူများအနေဖြင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)ရုံတွင် (၁၅.၆.၂ဝ၁၈)မှ (၁၉.၆.၂ဝ၁၈)ထိ နေ့စဉ်နံနက် (၉:ဝဝ) နာရီမှ စတင်၍ အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ပါကြောင်း သတင်း ရရှိပါသည်။