နေပြည်တော်၊ဇွန်လ(၁၉)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပပြုလုပ်သော ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်စားပွဲတင်တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို ယနေ့ နံနက်(၁ဝ)နာရီ အချိန်မှစတင်ပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ (C)ရုံတွင် စတင်ယှဉ်ပြိုင်ကစားကြရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ် အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြည့်ရှုအားပေး ကြပါသည်။
အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အောင်မြင့်မြတ်(ရန်ကုန်)နှင့် ဟောင်းခေါင် (မန္တလေး)တို့ ယှဉ်ပြိုင်ကစားရာ အောင်မြင့်မြတ် (ရန်ကုန်)မှ အနိုင်ရရှိ သွားပါသည်။ ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်စိုးမှ အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော ဇော်သူကိုကို+မိမိမော် (ရန်ကုန်)နှင့် ကျော်ခန့်နိုင်+ ကြိုင်ကြိုင်သင်း (မန္တလေး)၊ ဒုတိယဆုရရှိသော ရဝေမင်းသွင်+သန္တာရွှေစင် (ကရင်)၊ ပထမဆုရရှိသော ဟောင်းခေါင်+ဝေဝေအောင် (မန္တလေး) တို့အားလည်းကောင်း၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်မှ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ပူးတွဲတတိယ ဆုရရှိသော အေးသီရိထွန်း+ သက်နှင်းဇော် (ဧရာဝတီ)နှင့် ဝေဝေအောင်+အိအိထွေး (မန္တလေး)၊ ဒုတိယဆုရရှိသော အိမ့်မြတ်ချယ်+နှင်းဝတ်ရည်လှိုင် (ရန်ကုန်)၊ ပထမဆုရရှိသော နန်းဆက်ဝါ+ မေခြူးခိုင်(ရန်ကုန်) တို့အားလည်းကောင်း၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစား နှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့ဝင် မန်းထွန်းကြိုင်မှ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ပူးတွဲတတိယရရှိသော ဇွဲထက်နောင်+ကောင်းဆက်လင်း (ဧရာဝတီ)နှင့် ဇော်သူကိုကို+ အောင်မြင့်မြတ်(ရန်ကုန်)၊ ဒုတိယဆုရရှိသော ဟိန်းကိုလှိုင်+ မင်းသူဟိန်း (ပဲခူး)၊ ပထမဆုရရှိသော ဟောင်းခေါင်+ဟောင်းလွမ် (မန္တလေး)တို့အားလည်းကောင်း၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစား နှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါက်တာစမ်းမောင်မောင်မှ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် ပူးတွဲတတိယဆု ရရှိသော ကြိုင်ကြိုင်သင်း(မန္တလေး) နှင့် အိမ့်မြတ်ချယ်(ရန်ကုန်)၊ ဒုတိယဆုရရှိသော နန်းဆက်ဝါ(ရန်ကုန်) ပထမဆုရရှိသော ဝေဝေအောင် (မန္တလေး)တို့အား လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော ကျော်ခန့်နိုင်(မန္တလေး) နှင့် ဝေယံအောင်(စစ်ကိုင်း)၊ ဒုတိယဆုရရှိသော ဟောင်းခေါင် (မန္တလေး)၊ ပထမဆုရရှိသော အောင်မြင့်မြတ်(ရန်ကုန်) တို့အားလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ပူးတွဲတတိယဆု ရရှိသော (ဧရာဝတီတိုင်းဒေသကြီးအသင်း)နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်အသင်း)၊ ဒုတိယဆုရရှိသော (မန္တလေးတိုင်းဒေသကြီးအသင်း)၊ ပထမဆုရရှိသော (ရန်ကုန်တိုင်းဒေသကြီး အသင်း)တို့အားလည်းကောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်း အတွင်းဝန်ဦးကျော်ဦးမှ အမျိုးသား အသင်းလိုက်ပြိုင်ပွဲ ပူးတွဲတတိယဆုရရှိသော (တနင်္သာရီတိုင်း ဒေသကြီးအသင်း) နှင့် (ကရင်ပြည်နယ်အသင်း)၊ ဒုတိယဆုရရှိသော (မန္တလေးတိုင်း ဒေသကြီးအသင်း)၊ ပထမဆုရရှိသော (ရန်ကုန်တိုင်းဒေသကြီးအသင်း) တို့အားလည်းကောင်း၊ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်မှ အကောင်းဆုံးအားကစားသမားဆု ရရှိသွားသော အောင်မြင့်မြတ်(ရန်ကုန်)နှင့် ဝေဝေအောင် (မန္တလေး)တို့အားလည်းကောင်း၊ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အမျိုးသားတံခွန်စိုက်နှင့်အမျိုးသမီးတံခွန်စိုက် ရရှိသွားသော (ရန်ကုန်တိုင်းဒေသကြီး အသင်း)အားလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။