spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ဝန်ထမ်းသား/သမီးများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့စရိတ် ပေးအပ်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ဝန်ထမ်းသား/သမီးများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့စရိတ် ပေးအပ်

နေပြည်တော်၊ ဇွန်လ(၁၉)ရက်။  

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီး ဌာနမှ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့်  ဝန်ထမ်းသား/သမီးများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ထူးချွန် ကျောင်းသား/ကျောင်းသူ များအား ဂုဏ်ပြုဆုချီးမြ§င့်အခမ်းအနားကို  ယနေ့နေ့လည် (၂:၃ဝ)နာရီအချိန်တွင် နေပြည်တော် ရုံးအမှတ်(၃၁)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်  ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများနှင့်မိဘများ တက်ရောက်ကြပါသည်။

အမြဲတမ်းအတွင်းဝန်မှ ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့ကြသော (၃)ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၂၁)ဦး၊ စုစုပေါင်း(၂၄)ဦးပေါ်ထွက်ခဲ့သည့်အတွက် များစွာဂုဏ်ယူပါကြောင်း၊ ဂုဏ်ထူး(၁)ဘာသာလျှင် ကျပ်(၁)သိန်းနှုန်းဖြင့် စုစုပေါင်း(၂၉)သိန်း၊ ဝန်ထမ်းများ၏သား/သမီးများအား(၁၉၉၆-၁၉၉၇) ပညာသင်နှစ်မှစ၍ အစဉ်အလာမပြတ် ထောက်ပံ့ပေးခဲ့ပြီး ယခု ပညာသင်နှစ် အတွက်လည်း ကျောင်းသား/ကျောင်းသူ(၁၆ဝ၁)ဦးအတွက် ထောက်ပံ့ကြေး ငွေစုစုပေါင်း (၂၆၁၄ဝဝဝဝိ/-) (နှစ်ရာ့ခြောက်ဆယ့်တစ်သိန်းလေးသောင်း)ကို ထောက်ပံ့ပေးသွား ဖြစ်ကြောင်း၊ ဆေးတက္ကသိုလ်တက်ရောက် ပညာသင်ကြားနေကြသော ထူးချွန်ကျောင်းသား/ ကျောင်းသူ(၈)ဦးအား တစ်ဦးကိုတစ်လလျှင် ကျပ်(၅)သောင်းနှုန်းဖြင့် လစဉ်ဘွဲ့ရသည်အထိ ထောက်ပံ့ပေး လျက်ရှိကြောင်း၊ သို့ဖြစ်၍ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများ အနေနဲ့ ယခုလို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ခြင်းဟာ ရည်မှန်းချက်ပန်းတိုင် မဟုတ်သေးဘဲ ဘဝခြေလှမ်းအစဖြစ်ပြီး ''အစကောင်းမှအနှောင်းသေချာ''အောင် အခြေခံကောင်းမွန် ခိုင်မာဖို့ကြိုးစား သွားသင့်ကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်ရမည့်နေရာတွင် ထူးချွန်အောင်ဆောင်ရွက် ဖို့လိုပါကြောင်း၊ နိုင်ငံကအားကိုးလောက်တဲ့ ကောင်းမြတ်တဲ့ ကိုယ်ကျင့်သိက္ခာ၊ ဗလငါးတန်နဲ့ ပြည့်စုံတဲ့ လူငယ်တွေဖြစ်အောင် ကြိုးစားကြဖို့လိုပါကြောင်း မှာကြားခဲ့ပါသည်။

 

ဆုပေးပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဌာနခွဲများရှိ ကျောင်းသား/ ကျောင်းသူများအတွက် ထောက်ပံ့ကြေး ငွေစုစုပေါင်း (၁၁၉ဝဝဝဝဝိ/-)အား ကျောင်းသား/ကျောင်းသူများ ကိုယ်စား ညွှန်ကြားရေးမှူး ဦးထွန်းသန့်ကိုလည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ကျောင်းသား/ကျောင်းသူများအတွက် ထောက်ပံ့ကြေးငွေ စုစုပေါင်း (၁၄၂၄ဝဝဝဝိ/-)အား  ကျောင်းသား/ကျောင်းသူများကိုယ်စား ညွှန်ကြားရေးမှူး ဦးအေးလွင်ကို လည်းကောင်း ပေးအပ်ခဲ့ပြီး ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းမှ (၃)ဘာသာ ဂုဏ်ထူးရှင် မောင်ထူးအံ့လင်းနှင့် မောင်ဉာဏ်လင်းကို အားလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိ အရာရှိများမှ (၂)ဘာသာ ဂုဏ်ထူးရှင်၊ (၁)ဘာသာဂုဏ်ထူးရှင်များအား ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် (၃)ဘာသာဂုဏ်ထူးရှင် မောင်ထူးအံ့လင်းမှ ကျေးဇူးတင်စကားပြောကြားပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8A-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8A-%E1%81%82%E1%80%9D%E1%81%81%E1%81%87-%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%80%95%E1%80%8A%E1%80%AC%E1%80%9E%E1%80%84%E1%80%BA%E1%80%94%E1%80%BE%E1%80%85%E1%80%BA