spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ရေကူးပြိုင်ပွဲ တွင် ရန်ကုန်တိုင်းဒေကြီးမှ အမျိုးသား/အမျိုးသမီးတံခွန်စိုက်ဆုဖလားများအသီးသီးရရှိ

၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ရေကူးပြိုင်ပွဲ တွင် ရန်ကုန်တိုင်းဒေကြီးမှ အမျိုးသား/အမျိုးသမီးတံခွန်စိုက်ဆုဖလားများအသီးသီးရရှိ

နေပြည်တော်၊ ဇွန်(၂၂)ရက်။  

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံရေကူးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ရေကူးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်များကို ယနေ့နံနက်(၉:ဝဝ)နာရီအချိန် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ ရေကူးကန်၌ ကျင်းပပြုလုပ်ရာ မီတာ(၄ဝဝ) ကျား/မ တစ်ဦးချင်း လေးမျိုးကူးပြိုင်ပွဲ၊ မီတာ(၂ဝဝ) ကျား/မ အလွတ်ကူး ပြိုင်ပွဲ၊ ရင်ဘောင်တန်းကူးပြိုင်ပွဲ၊ မီတာ(၁ဝဝ) ကျား/မ လိပ်ပြာကူးပြိုင်ပွဲ၊ အလွတ်ကူးပြိုင်ပွဲ၊ မီတာ (၅ဝ) ကျား/မ ပက်လက်ကူးပြိုင်ပွဲ၊ အလွတ်ကူးပြိုင်ပွဲ၊ မီတာ(၁ဝဝx၄) လွန်းပျံလေးမျိုးကူးပြိုင်ပွဲ၊ မီတာ(၅ဝx၄)လွန်းပျံအလွတ်ကူးပြိုင်ပွဲများကို  ယှဉ်ပြိုင်ကစားကြပါသည်။

အဆိုပါပြိုင်ပွဲများအပြီး ဆုပေးပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများအား အားကစားနှင့်ကာပညာဦးစီးဌာနမှ တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြပြီး ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုရရှိကြသော ဘုန်းပြည့်စုံပိုင် (ရန်ကုန်)နှင့် ကံကော်ဖူးညွန့် (ရန်ကုန်)တို့အား ဒိုင်ချုပ်ဦးသိန်းဝင်း မှလည်းကောင်း၊ အမျိုးသားတံခွန်စိုက်ဆုဖလား၊ အမျိုးသမီးတံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက် ဆုဖလားများကို ရန်ကုန်တိုင်းဒေသကြီးမှ ရရှိခဲ့ရာ ဆုများအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ချီးမြှင့် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%9B%E1%80%B1%E1%80%80%E1%80%B0%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%99%E1%80%BE