spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အပြည်ပြည်ဆိုင်ရာ Olympic နေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲကျင်းပ

အပြည်ပြည်ဆိုင်ရာ Olympic နေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲကျင်းပ

နေပြည်တော်၊ ဇွန်(၂၅)ရက်။
 
အပြည်ပြည်ဆိုင်ရာ Olympic နေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲကို ယနေ့ နံနက် (၈:ဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ၊ TC-1 ပိုက်ကျော်ခြင်းလေ့ကျင့်ရေးရုံ၌ ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင်အသင်းများအဖြစ် နှစ်ယောက်တွဲ အမျိုးသား အလွတ်တန်းပြိုင်ပွဲတွင် အသင်း (၆) သင်း ဖြင့်လည်းကောင်း၊ သုံးယောက်တွဲ အမျိုးသမီး အလွတ်တန်းပြိုင်ပွဲတွင် အသင်း(၆) သင်း ဖြင့်လည်းကောင်း၊ လူသစ်တန်း အမျိုးသား သုံးယောက်တွဲပြိုင်ပွဲတွင် အသင်း (၆) သင်း ဖြင့်လည်းကောင်း ဇွန်လ (၂၅) ရက်နေ့မှ (၂၇) ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိပါသည်။ အဆိုပါပြိုင်ပွဲသို့ ယနေ့နံနက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ လာရောက်ကြည့်ရှု့ အားပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%AC-olympic-%E1%80%94%E1%80%B1%E1%80%B7-%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA-%E1%80%95%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%96%E1%80%AD%E1%80%90%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95