ရန်ကုန်၊ ဇွန်လ( ၂၉)ရက်။
၂ဝ၁၈-ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/ အမျိုးသမီး သေနတ်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုပေးပွဲများကို ယနေ့နံနက် (၁ဝ)နာရီက ရန်ကုန်မြို့၊ ဒဂုံမြောက်ပိုင်းမြို့နယ်၊ အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဗိုလ်လုပြိုင်ပွဲများအဖြစ် အမျိုးသား/အမျိုးသမီးအသင်းလိုက် (၁ဝ)မီတာ လေပစ္စတိုပြိုင်ပွဲများ ကျင်းပခဲ့သည်။
ဆက်လက်ပြီး ဆုပေးပွဲများကို ကျင်းပရာ အမျိုးသားတစ်ဦးချင်း (၁ဝ)မီတာ လေပစ္စတို ပြိုင်ပွဲတွင် တတိယ မောင်သိန်းထက်စံ (မန္တလေး) ရမှတ် (၅၃၈)မှတ်၊ ဒုတိယ မောင်ချမ်းကိုကို (ကချင်) ရမှတ် (၅၄၁)မှတ်နှင့် ပထမ မောင်ဇော်မင်းအောင် (ရန်ကုန်) ရမှတ် (၅၅၆)မှတ် ဖြင့်လည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်း (၁ဝ)မီတာ လေပစ္စတို ပြိုင်ပွဲတွင် မနန္ဒာဝေလွင် (စစ်ကိုင်း) က ရမှတ် (၅၁၉)ဖြင့် တတိယ၊ မနှင်းအေးဝေ(ရန်ကုန်)က ရမှတ် (၅၃၁)ဖြင့် ဒုတိယ၊ မသူဇာဌေး (ရှမ်း) က ရမှတ် (၅၄၉)မှတ်ဖြင့် ပထမဖြင့်လည်းကောင်း၊ အမျိုးသားတစ်ဦးချင်း (၁ဝ)မီတာ လေရိုင်ဖယ်ပြိုင်ပွဲတွင် မောင်ဇင်သော် (ရန်ကုန်)က ရမှတ် (၅၇၄.၃)မှတ်ဖြင့် တတိယ ၊ မောင်ဇော်မျိုးထွဋ် (ရှမ်း)က ရမှတ် (၅၉၃.၇)ဖြင့် ဒုတိယနှင့် မောင်ကောင်းမြတ်စံ (မန္တလေး)က ရမှတ်( ၆ဝ၂.၄)မှတ်ဖြင့် ပထမဖြင့်လည်းကောင်း၊ အမျိုးသမီး တစ်ဦးချင်း (၁ဝ)မီတာ လေရိုင်ဖယ်ပြိုင်ပွဲတွင် မဖြူဖြူမာ (ပဲခူး)က ရမှတ် (၅၇၉.၇)ဖြင့် တတိယ၊ မဖြိုးပပဇင် (မန္တလေး)က ရမှတ် (၅၉၉.ဝ)မှတ်ဖြင့် ဒုတိယနှင့် မဥမ္မာခိုင် (ရန်ကုန်)က ရမှတ် (၆ဝဝ.၈)မှတ်ဖြင့် ပထမ ရရှိ၍လည်းကောင်း၊ အမျိုးသားအသင်းလိုက် (၁ဝ)မီတာ လေပစ္စတိုပြိုင်ပွဲတွင် ရမှတ် (၁၅၄၃)မှတ်ဖြင့် တတိယ (ရှမ်းပြည်နယ်) အသင်း၊ ရမှတ် (၁၅၈၉)မှတ်ဖြင့် ဒုတိယ (မန္တလေးတိုင်းဒေသကြီး) အသင်းနှင့် ရမှတ် (၁၆၁၉) မှတ်ဖြင့် ပထမ (ရန်ကုန်တိုင်းဒေသကြီး)အသင်းတို့မှလည်းကောင်း၊ အမျိုးသမီး အသင်းလိုက် (၁ဝ)မီတာ လေပစ္စတိုပြိုင်ပွဲတွင် ရမှတ် (၁၅ဝ၄) မှတ်ဖြင့် တတိယ မန္တလေးတိုင်းဒေသကြီး အသင်း၊ ရမှတ် (၁၅၃၅)မှတ်ဖြင့် ဒုတိယ (ရန်ကုန်တိုင်းဒေသကြီး)အသင်းနှင့် ရမှတ် (၁၅၆ဝ)မှတ်ဖြင့် ပထမ (ရှမ်းပြည်နယ်)အသင်း၊ အမျိုးသား အသင်းလိုက် (၁ဝ)မီတာ လေရိုင်ဖယ်ပြိုင်ပွဲတွင် ရမှတ် (၁၆၄၆.၉)မှတ်ဖြင့် တတိယ (ပဲခူးတိုင်းဒေသကြီး )အသင်း၊ ရမှတ်(၁၆၈ဝ.၉)မှတ်ဖြင့် ဒုတိယ (ရှမ်းပြည်နယ်) အသင်းနှင့် ရမှတ် (၁၇၄၇.၅)မှတ်ဖြင့် ပထမ (မန္တလေးတိုင်းဒေသကြီး) အသင်းတို့မှလည်းကောင်း၊ အမျိုးသမီးအသင်းလိုက် (၁ဝ)မီတာ လေရိုင်ဖယ်ပြိုင်ပွဲတွင် ရမှတ် (၁၇ဝ၉.၄)မှတ်ဖြင့် တတိယ (ရှမ်းပြည်နယ်) အသင်း၊ ရမှတ် (၁၇၂၉.၈)မှတ်ဖြင့် ဒုတိယ(ပဲခူးတိုင်းဒေသကြီး) အသင်းနှင့် ရမှတ် (၁၇၃၂.၄)မှတ်ဖြင့် ပထမ (မန္တလေးတိုင်း ဒေသကြီး) အသင်းတို့မှလည်းကောင်း အသီးသီးရရှိကြရာ ဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများကို ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ ယှဉ်ပြိုင်လေ့ကျင့်ရေး ဌာနခွဲ (၁) ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းသေနတ်ပစ်ဆပ်ကော်မတီ ဥက္ကြ ဦးရဲဝင့်သူ၊ အဖွဲ့ချုပ် ဥက္ကဌဦးကျော်မိုးဝင်းနှင့် ဒုတိယဥက္ကဌများ၊ အသင်းအုပ်ချုပ်သူ များက ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။
ဆက်လက်ပြီး အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်မှ ၂ဝ၁၈-ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် သေနတ်ပစ် ပြိုင်ပွဲတွင် ရွှေ (၃)၊ ငွေ(၂)၊ ကြေး(၂)၊ အသင်းလိုက် စုစုပေါင်း ရမှတ် (၂၅)မှတ်ဖြင့် ပထမတံခွန်စိုက် ဆုဖလားရရှိသွားသော မန္တလေးတိုင်းဒေသကြီး အသင်းအား ချန်ပီယံ ဆုဖလားကြီး ကို ပေးအပ်ချီးမြှင့်ခဲ့သည်။
၄င်းပြိုင်ပွဲများတွင် တစ်ဦးချင်း ပထမဆုအတွက် ဆုငွေ(၃)သောင်း၊ ဒုတိယဆုအတွက် (၂)သောင်းနှင့် တတိယဆုအတွက် (၁)သောင်းနှင့် အသင်းလိုက် ပြိုင်ပွဲအတွက် ပထမဆုအတွက် (၃)သိန်း၊ ဒုတိယဆုအတွက်(၂)သိန်း၊ တတိယဆုအတွက် (၁)သိန်းနှင့် လည်ဆွဲဆုတံဆိပ်နှင့်အတူ အသီးသီးချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။