spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲများ ဆက်လက်ကျင်းပ

၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်၊ဇူလိုင်လ(၅)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ မျိုးဆက်သစ်ပိုက်ကျော်ခြင်း အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သော ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက်(၉:ဝဝ)နာရီအချိန်မှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ အမျိုးသား(၂)ယောက်တွဲ အသင်းလိုက်အုပ်စု ပြိုင်ပွဲများအဖြစ် ယှဉ်ပြိုင်ရာတွင် တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ရခိုင်ပြည်နယ်အသင်းကို (၂:၁) ဖြင့် လည်းကောင်း၊ ကရင်ပြည်နယ်အသင်းမှ နေပြည်တော်အသင်းကို (၂:၁) ဖြင့်လည်းကောင်း၊ မွန် ပြည်နယ်အသင်းမှ ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၃:ဝ) ဖြင့်လည်းကောင်း၊  မကွေးတိုင်း ဒေသကြီးအသင်းမှ ချင်းပြည်နယ်အသင်းကို (၃:ဝ) ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အသင်းမှ ရှမ်းပြည်နယ်အသင်းကို (၃:ဝ) ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ဧရာဝတီတိုင်းဒေသကြီး အသင်းကို (၃:ဝ) ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပြီး   ပြိုင်ပွဲများ အားဆက်လက်ယှဉ်ပြိုင် လျက်ရှိပါသည်။

အဆိုပါပြိုင်ပွဲ၏ ရှုံးထွက်ပွဲစဉ်များကို (၆.၇.၂ဝ၁၈)ရက်နေ့ နံနက် (၉:ဝဝ)နာရီအချိန် တွင် ယှဉ်ပြိုင်သွားမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသူ မိဘပြည်သူများ အနေဖြင့် အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%95%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95