spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပိုက်ကျော်ခြင်း အမျိုးသား(၂)ယောက်တွဲအသင်းလိုက် ပြိုင်ပွဲ ဗိုလ်လုပွဲ၊ဆုချီးမြှင့်ခြင်းအခမ်းအနားနှင့် ပြိုင်ပွဲများဆက်လက်ကျင်းပ

၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပိုက်ကျော်ခြင်း အမျိုးသား(၂)ယောက်တွဲအသင်းလိုက် ပြိုင်ပွဲ ဗိုလ်လုပွဲ၊ဆုချီးမြှင့်ခြင်းအခမ်းအနားနှင့် ပြိုင်ပွဲများဆက်လက်ကျင်းပ

နေပြည်တော်၊ဇူလိုင်လ(၇)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ မျိုးဆက်သစ်ပိုက်ကျော်ခြင်း အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သော ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက်(၉:ဝဝ)နာရီအချိန်မှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ  (C)၌ အမျိုးသား(၂)ယောက်တွဲအသင်းလိုက်ပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲများကို ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲများအပြီးတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ကချင် ပြည်နယ်အသင်းကို (၂:ဝ) ဖြင့်လည်းကောင်း၊  ပဲခူးတိုင်းဒေသကြီးအသင်းမှ မွန်ပြည်နယ်အသင်းကို (၂:ဝ) ဖြင့်လည်းကောင်း အသီးသီးအနိုင် ရရှိခဲ့ပါသည်။

ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ တတိယဆုရရှိသော ရန်ကုန်တိုင်း ဒေသကြီးအသင်းအား မြန်မာနိုင်ငံပိုက်ကျော်ခြင်း အားကစားအဖွဲ့ချုပ် အမှုဆောင် ဦးအောင်ကျော်မိုးမှ လည်းကောင်း၊ ဒုတိယဆုရရှိသော မွန်ပြည်နယ်အသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးယောနသန်မှလည်းကောင်း၊ ပထမဆုရရှိသော ပဲခူးတိုင်းဒေသကြီးအသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးမှလည်းကောင်း ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အမျိုးသား(၂)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်လျက်ရှိကြောင်းသတင်းရရှိပါသည်။

အဆိုပါအမျိုးသား (၂)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ၏ ရှုံး/ထွက် ပြိုင်ပွဲများကို (၈.၇.၂ဝ၁၈) ရက်နေ့ နံနက် (၉:ဝဝ)နာရီအချိန် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ ဆက်လက်ယှဉ်ပြိုင် သွားမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသူ မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%95%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%81%82%E1%80%9A%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%90%E1%80%BD%E1%80%B2%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%AD%E1%80%AF%E1%80%80%E1%80%BA-%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2