spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပိုက်ကျော်ခြင်း အမျိုးသား(၂)ယောက်တွဲအဖွဲ့လိုက် ပြိုင်ပွဲနှင့် အမျိုးသမီး(၂)ယောက်တွဲအဖွဲ့လိုက် ပြိုင်ပွဲများ ဆက်လက်ကျင်းပ

၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပိုက်ကျော်ခြင်း အမျိုးသား(၂)ယောက်တွဲအဖွဲ့လိုက် ပြိုင်ပွဲနှင့် အမျိုးသမီး(၂)ယောက်တွဲအဖွဲ့လိုက် ပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်၊ဇူလိုင်လ(၈)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ မျိုးဆက်သစ်ပိုက်ကျော်ခြင်း အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သော ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲများအဖြစ် ယနေ့နံနက်(၉:ဝဝ)နာရီအချိန်မှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ အမျိုးသား(၂)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲများအပြီးတွင် မွန်ပြည်နယ်အသင်းမှ ပဲခူးတိုင်းဒေသကြီးအသင်းကို (၂:ဝ)ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းမှ မကွေးတိုင်းဒေသကြီးအသင်းကို (၂:၁) ဖြင့်လည်းကောင်း၊  မန္တလေးတိုင်းဒေသကြီးအသင်းမှ ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၂:ဝ) ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ရခိုင်ပြည်နယ်အသင်းကို (၂:ဝ) ဖြင့်လည်းကောင်း၊ အမျိုးသမီး(၂)ယောက်တွဲ အဖွဲ့လိုက် ပွဲစဉ်များအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး အသင်းမှ ကချင်ပြည်နယ်အသင်းကို (၂:ဝ) ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းမှ မွန်ပြည်နယ်အသင်းကို  (၂:ဝ) ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းမှ ဧရာဝတီတိုင်းဒေသ ကြီးအသင်းကို (၂:ဝ) ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ နေပြည်တော်အသင်းကို (၂:ဝ) ဖြင့်လည်းကောင်း၊ အကြိုဗိုလ်လုပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ မကွေးတိုင်း ဒေသကြီးအသင်းကို (၂:ဝ) ဖြင့်လည်းကောင်း၊  ကရင်ပြည်နယ်အသင်းမှ ရန်ကုန်တိုင်းဒေသကြီး အသင်းကို (၂:ဝ) ဖြင့်လည်းကောင်းအသီးသီး အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါအမျိုးသား (၂)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲ၊ တတိယလုပွဲ၊ ဗိုလ်လုပွဲ ပွဲစဉ်များ၊ အမျိုးသမီး (၂)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ၏ တတိယလုပွဲ၊ ဗိုလ်လုပွဲ ပွဲစဉ်များနှင့် ဆုပေးပွဲများကို (၉.၇.၂ဝ၁၈) ရက်နေ့တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ဆက်လက်၍ အမျိုးသား(၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲနှင့် အမျိုးသမီး ( ၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲများကို (၉.၇.၂ဝ၁၈) ရက်နေ့ နံနက် (၉:ဝဝ)နာရီအချိန် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ ဆက်လက်ယှဉ်ပြိုင် သွားမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသူ မိဘပြည်သူ များ အနေဖြင့် အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%95%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%81%82%E1%80%9A%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%90%E1%80%BD%E1%80%B2%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%9C%E1%80%AD%E1%80%AF%E1%80%80%E1%80%BA