
နေပြည်တော်၊ဇူလိုင်လ(၁ဝ)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ မျိုးဆက်သစ်ပိုက်ကျော်ခြင်း အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သော ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲများအဖြစ် ယနေ့နံနက်(၉:ဝဝ)နာရီအချိန်မှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ အမျိုးသား (၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ၏ ကွာတာဖိုင်နယ်အဖြစ် ယှဉ်ပြိုင်ကြရာ မွန်ပြည်နယ်အသင်းမှ ရှမ်းပြည်နယ်အသင်းကို(၂:၁) ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ရခိုင်ပြည်နယ်အသင်းကို (၂:ဝ) ဖြင့် လည်းကောင်း၊ ကချင်ပြည်နယ်အသင်းမှ မန္တလေးတိုင်းဒေသကြီးအသင်း ကို (၂:၁) ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ ကရင်ပြည်နယ်အသင်းကို (၂:ဝ) ဖြင့်လည်းကောင်းအသီးသီးအနိုင်ရရှိသွားပါသည်။
အမျိုးသမီး(၄)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်များအဖြစ် ယှဉ်ပြိုင်ကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ တိုင်းဒေသကြီးအသင်းကို (၂:ဝ)ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ နေပြည်တော်အသင်းကို(၂:ဝ)ဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ရခိုင်ပြည်နယ်အသင်းကို(၂:ဝ)ဖြင့် လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းမှ ပဲခူးတိုင်းဒေသကြီးအသင်းကို (၂:ဝ)ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိသွားပါသည်။
ဆက်လက်၍အကြို ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကြရာ ရန်ကုန်တိုင်း ဒေသကြီးအသင်းမှ ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၂:ဝ) ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ မကွေးတိုင်းဒေသကြီးအသင်းကို (၂:ဝ)ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါသည်။
အဆိုပါ အမျိုးသား (၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲနှင့် အမျိုးသမီး (၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲများ၏ တတိယလုပွဲနှင့် ဗိုလ်လုပွဲများကို (၁၁.၇.၂ဝ၁၈) ရက်နေ့ နံနက် (၉:ဝဝ) နာရီအချိန် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ ဆက်လက် ယှဉ်ပြိုင်သွားမည်ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါဝင်စားသူ မိဘပြည်သူများ အနေဖြင့် အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။