နေပြည်တော်၊ဇူလိုင်လ(၁၁)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ မျိုးဆက်သစ်ပိုက်ကျော်ခြင်း အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သော ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲများအဖြစ် ယနေ့နံနက်(၉:ဝဝ)နာရီအချိန်မှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ အမျိုးသား (၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ မွန်ပြည်နယ်အသင်းကို (၂:ဝ)ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ ကချင်ပြည်နယ်အသင်းကို (၂:ဝ)ဖြင့်လည်းကောင်း၊ တတိယလုပွဲကို ယှဉ်ပြိုင်ကြရာ ကချင်ပြည်နယ်အသင်းမှ မွန်ပြည်နယ်အသင်းကို (၂:၁)ဖြင့် လည်းကောင်း၊ ဗိုလ်လုပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းမှ စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို(၂:၁)ဖြင့် လည်းကောင်း၊ အမျိုးသမီး (၄)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ တတိယလုပွဲတွင် မကွေးတိုင်းဒေသကြီး အသင်းမှ ဧရာဝတီတိုင်းဒေသကြီးအသင်းကို(၂:၁)ဖြင့် လည်းကောင်း ၊ ဗိုလ်လုပွဲ တွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၂:၁)ဖြင့် အသီးသီးအနိုင်ရရှိခဲ့ပြီး အမျိုးသား (၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲနှင့် အမျိုးသမီး (၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်လျက်ရှိကြောင်းသတင်းရရှိပါသည်။
အဆိုပါပြိုင်ပွဲများ၏ ကွာတားဖိုင်နယ်နှင့် အကြိုဗိုလ်လုပွဲများကို (၁၂.၇.၂ဝ၁၈) ရက်နေ့ နံနက် (၉:ဝဝ) နာရီအချိန် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ ဆက်လက် ယှဉ်ပြိုင်သွားမည် ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါဝင်စားသူ မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရပါသည်။