နေပြည်တော်၊ ဇူလိုင် (၁၁)ရက်။
၂ဝ၁၈ ခုနှစ်၊ နေပြည်တော် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်းများ၌ ကျင်းပပြုလုပ် လျက်ရှိရာ နံနက်(၇)နာရီခွဲ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်းအမှတ် (၃)၌ အုပ်စု(ခ) လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းမှ နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းကို (၆) ဂိုး (၂) ဂိုးဖြင့် လည်းကောင်း၊ ညနေ (၃) နာရီ အချိန်တွင် အုပ်စု(ဂ) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းမှ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အသင်းကို (၂) ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ အုပ်စု(ဃ) နေပြည်တော်စည်ပင်အသင်း မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အသင်းကို (၄) ဂိုး ဂိုးမရှိဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိသွားကြောင်းသတင်းရရှိပါသည်။
(၁၃.၇.၂ဝ၁၈) ရက်နေ့ ပွဲစဉ်များအဖြစ် နံနက်ပိုင်း(၇)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစား ကွင်း၌ အုပ်စု(က)မှ ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းတို့သည်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်းအမှတ် (၃)၌ အုပ်စု(ခ)မှ ပညာရေးဝန်ကြီးဌာနအသင်းနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနအသင်းတို့သည်လည်းကောင်း ၊ ညနေ (၃) နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ အုပ်စု(ဂ) ပြန်ကြားရေးဝန်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းတို့သည်လည်းကောင်း ၊ ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်း အမှတ် (၃)၌ အုပ်စု(ဃ) ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်း တို့သည်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အားကစားကိုစိတ်ပါဝင်စားသောမိဘပြည်သူများ အနေဖြင့်အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။