spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၇ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ခြင်းလုံးအားကစားပြိုင်ပွဲ ဆက်လက်ကျင်းပ

၂ဝ၁၇ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ခြင်းလုံးအားကစားပြိုင်ပွဲ ဆက်လက်ကျင်းပ

 
နေပြည်တော်၊ စက်တင်ဘာ(၆)ရက်။
 
မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ၂ဝ၁၇ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ခြင်းလုံးအားကစားပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ပွဲရုံ(B)၌ စတင်ယှဉ်ပြိုင်ကစားကြပါသည်။ 
 
ရှေးဦးစွာ အမျိုးသမီးပွဲစဉ်များကို နံနက်ပိုင်း (၉)နာရီအချိန်တွင် ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ (၁ဝ၈)မှတ်ဖြင့်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ (၇၈)မှတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ (၁၃၉) မှတ်ဖြင့် လည်းကောင်း အသီးသီးရရှိထားကြောင်း သိရှိရပါသည်။
 
ဆက်လက်၍ နေ့လည်ပိုင်းအချိန်တွင် အမျိုးသားပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်အသင်း၊ မကွေးတိုင်းဒေသကြီးအသင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းနှင့် တနသင်ာ္ရီတိုင်းဒေသကြီးအသင်းတုိ့ ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သတင်းရရှိပါ သည်။
 
၂ဝ၁၇ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ခြင်းလုံးအားကစားပြိုင်ပွဲများကို (၇-၉-၂ဝ၁၇)ရက်နေ့တွင်လည်း နံနက်ပိုင်း(၉)နာရီအချိန်မှစတင်ပြီး  ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ပွဲရုံ(B)၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူ မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%87%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95