spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ ခုနှစ် နေပြည်တော် ဝန်ကြီးဌာနပေါင်းစုံ(အမျိုးသား)ဘောလုံးပြိုင်ပွဲ Semi Final ပွဲစဉ်များ ကျင်းပရာတွင် ပညာရေးဝန်ကြီးတက်ရောက်ကြည့်ရှုအားပေး

၂ဝ၁၈ ခုနှစ် နေပြည်တော် ဝန်ကြီးဌာနပေါင်းစုံ(အမျိုးသား)ဘောလုံးပြိုင်ပွဲ Semi Final ပွဲစဉ်များ ကျင်းပရာတွင် ပညာရေးဝန်ကြီးတက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဇူလိုင် (၁၈)ရက်။ 

၂ဝ၁၈ ခုနှစ်၊ နေပြည်တော် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲ Semi Final ပွဲစဉ်များကို ကျင်းပပြုလုပ်လျက်ရှိပြီး နံနက်(၇)နာရီခွဲအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ယှဉ်ပြိုင်ကြရာ အုပ်စု(က) ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ  အုပ်စု(ခ) ပညာရေးဝန်ကြီးဌာနအသင်းကို (၂)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ညနေ (၃) နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ အုပ်စု(ဃ) ပြည်ထဲရေးဝန်ကြီးဌာနအသင်း နှင့် အုပ်စု(က) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်း ယှဉ်ပြိုင်ကြရာ မိနစ်၉ဝထိ ဂိုးမရှိသရေကျခဲ့ပြီး ဆက်လက်၍ အချိန်ပိုကစားရာ ဂိုးမရှိသရေကျနေသောကြောင့် ပင်နယ်တီအဆုံးအဖြတ်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းကို (၄)ဂိုး (၂) ဂိုး ဖြင့် အသီးသီးအနိုင်ရရှိ သွားကြောင်း သတင်းရရှိပါသည်။

အဆိုပါ ပြိုင်ပွဲများသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသော ဝန်ထမ်းများနှင့် မိဘပြည်သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။

(၂ဝ.၇.၂ဝ၁၈) ရက်နေ့ တတိယလုပွဲကို နံနက် (၇)နာရီခွဲ အချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ အုပ်စု(ခ)မှ ပညာရေးဝန်ကြီးဌာနအသင်း နှင့် အုပ်စု(က)မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်း၊ ဗိုလ်လုပွဲကို ညနေ (၃) နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌  အုပ်စု(က)မှ ကာကွယ်ရေးဝန်ကြီးဌာနအသင်း နှင့် အုပ်စု(ဃ)မှ ပြည်ထဲရေးဝန်ကြီးဌာန အသင်းတို့သည် အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပမည်ဖြစ်၍ အားကစားကိုစိတ်ပါဝင်စားသော မိဘပြည်သူများ အနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%94%E1%80%B1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA-%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-semi-final-%E1%80%95%E1%80%BD%E1%80%B2%E1%80%85%E1%80%89%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8