spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ ခုနှစ် နေပြည်တော် ဝန်ကြီးဌာနပေါင်းစုံ(အမျိုးသား)ဘောလုံးပြိုင်ပွဲ ကာကွယ်ရေးဝန်ကြီးဌာနအသင်း တံခွန်စိုက်ဆုဖလားဆွတ်ခူး

၂ဝ၁၈ ခုနှစ် နေပြည်တော် ဝန်ကြီးဌာနပေါင်းစုံ(အမျိုးသား)ဘောလုံးပြိုင်ပွဲ ကာကွယ်ရေးဝန်ကြီးဌာနအသင်း တံခွန်စိုက်ဆုဖလားဆွတ်ခူး

နေပြည်တော်၊ ဇူလိုင် (၂ဝ)ရက်။     

၂ဝ၁၈ ခုနှစ်၊ နေပြည်တော် ဝန်ကြီးဌာနပေါင်းစုံအလွတ်တန်း  (အမျိုးသား) ဘောလုံးပြိုင်ပွဲသို့နောက်ဆုံးဗိုလ်လုပွဲကို ယနေ့ ညနေ (၃:ဝဝ)နာရီ အချိန်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့ တက်ရောက်ကြည့်ရှု အားပေးကာ ဆုများချီးမြှင့်ပါသည်။

အဆိုပါပြိုင်ပွဲကို ပြည်ထောင်စုဝန်ကြီးနှင့် အတူ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်ချုပ်မြင့်မော်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်ဇင်မင်းဝင်းနှင့် အရာရှိစစ်သည်မိသားစုများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊  ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးတင်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့် ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။

ပြိုင်ပွဲကို နောက်ဆုံးဗိုလ်လုပွဲသို့တက်ရောက်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကြရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ပြည်ထဲရေး ဝန်ကြီးဌာနအသင်းကို (၂)ဂိုး ဂိုးမရှိ ဖြင့် အနိုင်ရ ဗိုလ်စွဲသွားပါသည်။

ပြိုင်ပွဲများအပြီးဆုများချီးမြှင့်ရာ ပွဲစဉ်တစ်လျောက် အသန့်ရှင်းဆုံးဆု ရရှိသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းကို ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူမှလည်းကောင်း၊ ပွဲစဉ်တစ်လျောက်အကောင်းဆုံး အားကစားအမားဆုရရှိသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းမှ ကျောနံပါတ် (၁၂) အောင်မျိုးသူ၊ အကောင်းဆုံးဂိုးသမားဆု ရရှိသော ကာကွယ်ရေးအသင်းမှ ကျောနံပါတ် (၁) ထူးကို ၊ အကောင်းဆုံးရှေ့တန်း အားကစားသမားဆုရရှိသော ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ် (၉)  မင်းကိုသူ၊ အကောင်းဆုံးနောက်တန်း အားကစားသမားဆုရရှိသော ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ် (၂၅) အောင်ထက်ဝေ၊ အကောင်းဆုံးအလယ်တန်း အားကစားသမားဆုရရှိသော ပညာရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၂၂) မျိုးဇာနည်ဝင်း တို့အား နေပြည်တော်တိုင်း စစ်ဌာနချုပ်ဗိုလ်ချုပ်မြင့်မော်မှ လည်းကောင်း၊  တတိယဆုရရှိသော ပညာရေးဝန်ကြီးဌာနအသင်းကို ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှလည်းကောင်း၊ ဒုတိယဆုရရှိသော ပြည်ထဲရေးဝန်ကြီး ဌာနအသင်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးမှလည်းကောင်း၊ တံခွန်စိုက်ဆုဖလား ရရှိသွားသော ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း မှလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%94%E1%80%B1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA-%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%80%E1%80%AC%E1%80%80%E1%80%BD%E1%80%9A%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8