spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အာဆီယံ ကျောင်းသားအားကစားပြိုင်ပွဲ လမ်းလျှောက်ပြိုင်ပွဲ၌ ငွေတံဆိပ်တစ်ခုထပ်မံရရှိ

အာဆီယံ ကျောင်းသားအားကစားပြိုင်ပွဲ လမ်းလျှောက်ပြိုင်ပွဲ၌ ငွေတံဆိပ်တစ်ခုထပ်မံရရှိ

ရန်ကုန်၊ ဇူလိုင်လ(၂၄)ရက်။                

မလေးရှားနိုင်ငံ Shah Alam Selangor မြို့တွင် ဇူလိုင်လ (၁၉)ရက်နေ့မှ (၂၇)ရက်နေ့အထိ ကျင်းပလျက်ရှိသည့် 10 th  ASEAN  SCHOOL  Games - 2018 စတုတ္ထနေ့ ပြိုင်ပွဲများအဖြစ် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည့် အမျိုးသမီး မီတာ (၃ဝဝဝ)လမ်းလျှောက်ဗိုလ်လုပြိုင်ပွဲ၌ ငွေတံဆိပ် (၁)ခုထပ်မံရရှိခဲ့သည်။

၄င်းပြိုင်ပွဲတွင် စံချိန် (၁၄ မိနစ် ၅၂ ဒဿမ ၆၂စက္ကန့်)ဖြင့် မလေးရှားက ပထမ၊ စံချိန် (၁၅ မိနစ် ၁၁ ဒဿမ ၇၉ စက္ကန့်)ဖြင့် မြန်မာနိုင်ငံမှ ဇင်မေထက် (အား/ကာ သိပ္ပံ - တောင်ကြီး)က ဒုတိယ ငွေတံဆိပ်ဆုနှင့် စံချိန် (၁၅ မိနစ် ၃၂ ဒဿမ ၄၅ စက္ကန့်) ဖြင့် ထိုင်းမှ တတိယဆုတို့ အသီးသီးရရှိခဲ့ကြပြီး အဆိုပါဆုများကို မြန်မာကျောင်းသားအားကစား အဖွဲ့ ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ အောင်နိုင်ဆုများကို ချီးမြှင့်ပေးခဲ့သည်။

မြန်မာကျောင်းသားအားကစားအဖွဲ့သည် ယနေ့အထိ ရွှေ(၁)၊ ငွေ(၂)၊ ကြေး (၂)ခုတို့ ရရှိထားပြီး ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်းရရှိသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AC%E1%80%86%E1%80%AE%E1%80%9A%E1%80%B6-%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%9C%E1%80%BB%E1%80%BE%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%81%8C-%E1%80%84%E1%80%BD%E1%80%B1%E1%80%90%E1%80%B6%E1%80%86%E1%80%AD%E1%80%95%E1%80%BA%E1%80%90%E1%80%85%E1%80%BA%E1%80%81%E1%80%AF%E1%80%91%E1%80%95%E1%80%BA%E1%80%99%E1%80%B6%E1%80%9B%E1%80%9B%E1%80%BE%E1%80%AD