spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုအားကစားပြိုင်ပွဲ ဆက်လက်ကျင်းပ

၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုအားကစားပြိုင်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဇူလိုင်လ(၂၅)ရက်။        

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကာ မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ်ထွက်ပေါ်လာစေရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ၂ဝ၁၈ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒို အားကစားပြိုင်ပွဲကို ယနေ့နံနက် (၉:ဝဝ) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစား ပြိုင်ပွဲရုံ (B)၌ ကျင်းပပြုလုပ်ရာ ယနေ့ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြရာ (ကျား+မအတွဲ) ကကွက်ပြိုင်ပွဲတွင် ဖုန်းသက်နိုင်+သက်ထားသူဇာ(ရန်ကုန်)မှပထမ၊ ကျော်ဖြိုးအောင်+ဥမ္မာထွန်း (မွန်) မှဒုတိယ၊ ဇင်မြတ်ထွန်း+ရောင်နီထွန်း(မန္တလေး)မှ တတိယဆု ကိုလည်းကောင်း၊ (ကျား)အသင်း လိုက်ကကွက်ပြိုင်ပွဲတွင် ချစ်ပိုကျော်နှင့်အဖွဲ့(ရန်ကုန်)မှ ပထမ၊ စိုးခန့်သူနှင့်အဖွဲ့ (မွန်)မှဒုတိယ၊ စိုင်းကျော်လင်းနှင့်အဖွဲ့(ရှမ်း)မှ တတိယဆုကိုလည်းကောင်း၊ (မ)အသင်းလိုက် ကကွက်ပြိုင်ပွဲ တွင် အိအိကျော်နှင့်အဖွဲ့(ရန်ကုန်)မှ ပထမ၊ ငြိမ်းသဇင်နှင့်အဖွဲ့ (ကယား)မှ ဒုတိယ၊ စုမြတ်စန္ဒီကျော်နှင့်အဖွဲ့(ရှမ်း)မှ တတိယဆုကိုလည်းကောင်း အသီးသီးရရှိခဲ့ပြီး အဆိုပါဆုများကို တာဝန်ရှိသူများမှ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရှိရပါသည်။

ထို့နောက်အတိုက်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (၅၄-၅၈)ကီလိုဖလိုင်းဝိတ်တန်း (ကျား)၊ (၆၃-၆၈)ကီလိုဖယ်သာ ဝိတ်တန်း(ကျား)၊ (၆၃-၆၈)ကီလို ဖယ်သာဝိတ်တန်း(ကျား)၊ (၅၃-၅၇)ကီလိုဖယ်သာ ဝိတ်တန်း(မ)၊ (၇၄-၈ဝ)ကီလို ဝယ်တာဝိတ်တန်း(ကျား)၊ (၄၆-၄၉) ကီလို ဖလိုင်းဝိတ်တန်း(မ)၊ (၈ဝ-၈၇)ကီလို မစ်ဒယ်ဝိတ်တန်း(ကျား)၊ (၆၂-၆၇)ကီလို ဝယ်တာ ဝိတ်တန်း(မ)၊ (၆၇-၇၃)ကီလို မစ်ဒယ်ဝိတ်တန်း(မ)ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ကစား လျက်ရှိကြောင်း သတင်း ရရှိပါသည်။

အဆိုပါ ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို (၂၆-၇-၂ဝ၁၈) ရက်နေ့ နံနက်(၉:ဝဝ)နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ပွဲရုံ(B)၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BD%E1%80%99%E1%80%BA%E1%80%92%E1%80%AD%E1%80%AF%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95