spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဖလား၊ အမျိုးသမီး တံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားများအား ရန်ကုန်တိုင်းဒေသကြီးအသင်းမှဆွတ်ခူးရရှိ

၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဖလား၊ အမျိုးသမီး တံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားများအား ရန်ကုန်တိုင်းဒေသကြီးအသင်းမှဆွတ်ခူးရရှိ

နေပြည်တော်၊ဇူလိုင်လ(၂၆)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကာ မျိုးဆက်သစ် တိုက်ကွမ်ဒို အားကစား သမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သော ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲများကို ယနေ့နံနက်(၉:ဝဝ)နာရီအချိန်မှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ  (B)၌ ကျင်းပရာ ယနေ့နောက်ဆုံး ဗိုလ်လုပွဲပြိုင်ပွဲများအဖြစ် (-၄၆) ကီလိုပင်းဝိတ်တန်း အမျိုးသမီးတစ်ဦးချင်းအတိုက်ပြိုင်ပွဲတွင် ငြိမ်းသဇင်(ကယား)မှ ထွေးထွေးမာ (မကွေး) ကိုလည်းကောင်း၊ (၅၃-၅၇)ကီလိုဖယ်သာဝိတ်တန်း အမျိုးသမီးတစ်ဦးချင်း အတိုက် ပြိုင်ပွဲတွင် မူခံကောင်း(ရှမ်း)မှ သိမ့်သိမ့်ဖြိုးဝေ (နေပြည်တော်) ကိုလည်းကောင်း၊ (၅၈-၆၃)ကီလို ဘင်တန်ဝိတ်တန်း အမျိုးသားတစ်ဦးချင်းအတိုက်ပြိုင်ပွဲတွင် အောင်စည်သူ(မွန်)မှ မြင့်ကျော်(ကယား) တို့အား လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါသည်။

ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ  (-၄၆)ကီလို ပင်းဝိတ်တန်း အမျိုးသမီးတစ်ဦးချင်းအတိုက်ပြိုင်ပွဲ၊ (၅၃-၅၇)ကီလိုဖယ်သာဝိတ်တန်း အမျိုးသမီးတစ်ဦးချင်း အတိုက်ပြိုင်ပွဲ၊ (၅၈-၆၃)ကီလိုဘင်တန်ဝိတ်တန်းအမျိုးသားတစ်ဦးချင်းအတိုက်ပြိုင်ပွဲ၊ အမျိုးသမီး အသင်းလိုက် ကကွက်ပြိုင်ပွဲနှင့် အမျိုးသားအသင်းလိုက်ကကွက်ပြိုင်ပွဲများတွင် ဆုရရှိသူများအား အမျိုးသားလွှတ်တော်၊ ကျန်းမာရေး ၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင််ရာကော်မတီအဖွဲ့ဝင်များမှ လည်းကောင်း၊ အမျိုးသားအကောင်းဆုံး အားကစားသမားဆု  ရရှိသွားသော (၅၈-၆၃) ကီလိုဘင်တန်ဝိတ်တန်းမှ အောင်စည်သူ(မွန်)နှင့် အမျိုးသမီးအကောင်းဆုံး အားကစားသမားဆုရရှိသွားသော (၅၃-၅၇)ကီလို ဖယ်သာဝိတ်တန်းမှ  မူခံကောင်း(ရှမ်း)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း၊ အမျိုးသားတံခွန်စိုက်ဆုဖလားနှင့် အမျိုးသမီးတံခွန်စိုက်ဆုဖလား ရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးမှလည်းကောင်း၊ စုပေါင်းတံခွန်စိုက် ဆုဖလားရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BD%E1%80%99%E1%80%BA%E1%80%92%E1%80%AD%E1%80%AF%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%90%E1%80%B6%E1%80%81%E1%80%BD%E1%80%94%E1%80%BA%E1%80%85%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%96%E1%80%9C%E1%80%AC%E1%80%B8%E1%81%8A