ရန်ကုန်၊ သြဂုတ်လ(၁)ရက်။
နိုင်ငံတော်ရဲ့ အားကစားအဆင့်အတန်းတိုးတက် မြင့်မားရေးဟာ အမျိုးသားရေး တာဝန်ကြီးတစ်ရပ်ဖြစ်သလို ထူးချွန်ထက်မြက်တဲ့ မျိုးဆက်သစ် အားကစား လူငယ်များ ရှာဖွေဖော်ထုတ်လေ့ကျင့်ပေးရေး၊ စဉ်ဆက်မပြတ်အားကစားသမား များထွက်ပေါ် လာစေရေးအတွက် အထောက်အကူဖြစ်စေရန် ဆိုတဲ့ရည်ရွယ်ချက်များ နှင့်အညီ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ကို ၁၉၉၂ခုနှစ်၊ ဇူလိုင်လ(၂၇)ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး၊အားကစား နှင့်ပညာရေးပေါင်းစပ်သင်တန်းကို၁၉၉၇-ခုနှစ်၊သြဂုတ်လ (၁)ရက်နေ့မှစတင် ဖွင့်လှစ်ခဲ့ဒါကြောင့် ဒီကနေ့မှာ အားကစားနှင့်ပညာရေး သင်တန်းကျောင်း ဖွင့်လှစ်ခဲ့တာဟာဆိုရင် အနှစ်(၂၁) ပြည့်မြောက်ခဲ့ပြီးဖြစ်တဲ့အတွက် ယနေ့နံနက် (၁ဝ)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ပြည်ထောင်စုခန်းမ၌ အားကစားနှင့် ပညာရေး ပေါင်းစပ်သင်တန်းကျောင်းနှစ်ပတ်လည်နေ့အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်း၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက် ကျင်းပရေးကော်မရှင် အဖွဲ့ဝင် ဦးစိုးဝင်းနှင့် ဦးစိုးသိန်း၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)ကျောင်းအုပ်ကြီး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် ရန်ကုန်တိုင်းအား/ကာမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒုတိယကျောင်းအုပ်ကြီးနှင့် အားကစားနှင့်ပညာရေးပေါင်းစပ် အထက်တန်းကျောင်းမှ ဆရာမကြီးနှင့် ဆရာမများ၊ကျောင်းတာဝန်ခံ အရာရှိ အမှုထမ်းများ၊ ဝန်ထမ်းများ၊ ဖိတ်ကြားထား သူများနှင့်ကျောင်းသား/ ကျောင်းသူ သင်တန်းသားများ တက်ရောက်ကြသည်။
ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက နိုင်ငံတော်ရဲ့ အားကစားအဆင့်အတန်းမြင့်မားရေးသည် အမျိုးသားရေးတာဝန် တစ်ရပ်ဖြစ်ပြီး အားကစားအောင်မြင်မှုဟာလည်း နိုင်ငံတစ်နိုင်ငံရဲ့ဂုဏ်၊ လူမျိုးတစ်မျိုးရဲ့ သိက္ခာကိုမြှင့်တင်ပေးရာဖြစ်သောကြောင့် ထူးချွန်ထက်မြက်တဲ့မျိုးဆက်သစ် အားကစား သမားများရှာဖွေ၊ မွေးထုတ်လေ့ကျင့်ပေးရေးဆိုတဲ့ ရည်ရွယ်ချက်ဖြင့်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်)မှ သင်တန်းသားများအနေဖြင့် ''လေ့ကျင့်ရင်း ယှဉ်ပြိုင်၊ ယှဉ်ပြိုင်ရင်းလေ့ကျင့်'' ဆိုသည့်ဆောင်ပုဒ်အတိုင်း ကျောင်းစတင်ဖွင့်လှစ်ချိန်မှစ၍ ပြည်တွင်းအားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ (၂၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှစ၍ (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအထိ မြန်မာ့လက်ရွေးစင်အားကစားသမား အမျိုးသား (၂၅၁)ဦး၊ အမျိုးသမီး (၂၃၉)ဦး၊ စုစုပေါင်း (၄၉ဝ)ဦးတို့က ရွှေတံဆိပ် (၃ဝ)ခု၊ ငွေတံဆိပ် (၅၅)ခု၊ ကြေးတံဆိပ် (၈၄)ခု၊ စုစုပေါင်း ဆုတံဆိပ် (၁၆၉)ခု ဆွတ်ခူးရရှိခဲ့တာကို တွေ့ရှိရပါသည်။
ဒါ့အပြင် သင်တန်းစတင်ဖွင့်လှစ်ခဲ့သည့် ၁၉၉၂ခုနှစ်မှ ယနေ့အထိ ထူးချွန်သည့် မြန်မာ့လက်ရွေးစင် အားကစားသမား အမျိုးသား (၂၄၆)ဦး ၊ အမျိုးသမီး (၂၁၃)ဦး၊ စုစုပေါင်း (၄၅၉)ဦး၊ လူငယ် လက်ရွေးစင် အမျိုးသား(၂၃၆)ဦး၊ အမျိုးသမီး (၁၄၉)ဦး၊ စုစုပေါင်း (၃၈၅)ဦး မွေးထုတ်နိုင်ခဲ့ပါကြောင်း၊ အရှေ့တောင်အာရှ ကျောင်းသားအားကစားပွဲတော်ကို နှစ်စဉ်ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး နောင်နှစ်များမှာလည်း ယခုထက်ပါဝင်ယှဉ်ပြိုင်နိုင်ရန်နှင့် လက်ရွေးစင်ရွေးချယ်ရာတွင်လည်း ပညာရေးဌာနမှ အခြေခံပညာကျောင်းများပါ ပါဝင် လာမှာဖြစ်၍ ပြိုင်ဆိုင်မှု ပြင်းထန်လာမှာဖြစ်ပါကြောင်း၊ ဒါ့ကြောင့်ယခုကတည်းက သင်တန်းသား/သူများအနေဖြင့် ပြင်းပြင်းထန်ထန် လေ့ကျင့်ထားဖို့ လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြည်ပပြိုင်ပွဲတွင် ရွှေတံဆိပ်၊ ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆုများရရှိခဲ့သော လှေလှော်၊ ဘောလုံး(အမျိုးသမီး)၊ ဘောလုံး(အမျိုးသား)၊ ရွက်လှေနှင့် (၁ဝ)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် ဆုရရှိသော စားပွဲတင်တင်းနစ်တို့ အား ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်က တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိကြသော ရေကူး၊ စားပွဲတင်တင်းနစ်၊ သေနတ်ပစ်နှင့် ဘော်လီဘောတို့အား ဂုဏ်ပြုဆုများကို ပေးအပ် ချီးမြှင့်၍လည်းကောင်း၊ တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက တိုင်းဒေသကြီး နှင့်ပြည်နယ်ပြိုင်ပွဲတွင် ဆုရရှိကြသော ဂျူဒို၊ ကြက်တောင် ၊ ပိုက်ကျော်ခြင်းနှင့် အိုလံပစ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသော အလေးမ၊ စက်ဘီး၊ ဂျူဒို၊ လက်ဝှေ့တို့အား ဂုဏ်ပြုဆုများကို ပေးအပ် ချီးမြှင့်၍လည်းကောင်း၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက် ကျင်းပရေးကော်မရှင်အဖွဲ့ဝင် ဦးစိုးဝင်းက အိုလံပစ်နေ့အထိမ်းအမှတ် ရေကူး၊ ကျွမ်းဘား၊ ဝူရှူး ၊ သေနတ်ပစ်၊ လှေလှော်တို့အား ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်၍ လည်းကောင်း၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များ ရွေးချယ်တင်မြောက်ကျင်းပရေးကော်မရှင် အဖွဲ့ဝင် ဦးစိုးသိန်းက အဖွဲ့ချုပ် ဥက္ကဖြလားပြိုင်ပွဲများတွင် ဆုရရှိကြသည့် အလေးမ၊ ကရာတေးဒို၊ Mountain Bike စက်ဘီးပြိုင်ပွဲတွင် ဆုရရှိသည့် စက်ဘီး၊ ကိုရီးယားသံအမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ဆုရရှိကြသည့် တိုက်ကွမ်ဒိုနှင့် မောင်/မယ် ပြိုင်ပွဲတွင် ဆုရရှိကြသူတို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ၊ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးက အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများ ကာကွယ်တားဆီးရေး အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဂုဏ်ပြု ဆုချီးမြှင့်၍ လည်းကောင်း၊ အားကစား နှင့်ပညာရေးပေါင်းစပ်သင်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်ကျင်လှက ဓမ္မစင်္ကြာပွဲ အဆိုပြိုင်ပွဲနှင့် အကပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော MPT Myanmar National League U-20 2018 ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့် အားကစားနှင့်ကာယပညာသိပ္ပံ (ခ) အသင်းမှ အသင်းခေါင်းဆောင် အုပ်ချုပ်သူတို့က ချန်ပီယံဆုဖလားအား အပ်နှင်းရာ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင် ကလက်ခံရယူပြီး အားကစား ကာယပညာသိပ္ပံ (ရန်ကုန်)ရှိ ဝန်ထမ်းများအား ဝန်ထမ်းဝတ်စုံများ ပေးအပ်ခဲ့သည်။
ယင်းနောက်ကရာတေးဒို၊တိုက်ကွမ်ဒို၊ ဝူရှူး နှင့် ကျွမ်းဘား အားကစားနည်းများက သရုပ်ပြသခဲ့ကြောင်း သတင်းရရှိသည်။