spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ ခုနှစ်အာရှကလပ် (အမျိုးသား) ဘော်လီဘော (2018 Asian Men's Club Volleyball Championship) ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

၂ဝ၁၈ ခုနှစ်အာရှကလပ် (အမျိုးသား) ဘော်လီဘော (2018 Asian Men's Club Volleyball Championship) ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊သြဂုတ်လ(၁)ရက်။         

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အာရှဘော်လီဘောအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့်၂ဝ၁၈ခုနှစ် အာရှကလပ် အမျိုးသားဘော်လီဘော (2018 Asian Men's Club Volleyball Championship) ပြိုင်ပွဲ ပွဲစဉ်များအား ယနေ့နံနက် (၁၁:ဝဝ)နာရီအချိန်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစား(B) ရုံ နှင့် (C) ရုံတို့၌ ယှဉ်ပြိုင်ကစားရာ သီရိလင်္ကာကလပ် လန်ကာအသင်းမှ ထိုင်းကလပ် နာခွန်ရတ်ချန်စီမာအသင်းကို (၂ဝ-၂၅)၊ (၂၃-၂၅)၊ (၂၅-၁၆)၊ (၂၅-၂၃)၊ (၁၅-၁၁) ဖြင့်လည်းကောင်း၊ နေ့လည် (၁၃:၃ဝ) နာရီအချိန်တွင် ကာဇက်စတန်ကလပ် Atyrau အသင်းမှ ဂျပန်ကလပ် တိုရေးအသင်းကို (၂၂-၂၅)၊ (၂၅-၂၃)၊ (၂၂-၂၅)၊ (၂၅-၁၉)၊ (၁၅-၁၁) ဖြင့်လည်းကောင်း၊ သြစတေးလျကလပ် ကန်ဘီရာ အသင်း မှ ဟောင်ကောင်ကလပ် ယန်ချိုင်အသင်း ကို (၂၂-၂၅)၊ (၁၉-၂၅)၊ (၂၅-၂၂)၊ (၂၅-၂၂)၊ (၁၅-၁၂) ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပြီး ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကစား လျက်ရှိကြောင်း သတင်းရရှိပါသည်။

(၂.၈.၂ဝ၁၈)ရက်နေ့တွင် ပြိုင်ပွဲများ နားမည်ဖြစ်ပြီး (၃.၈.၂ဝ၁၈)ရက်နေ့ နံနက်(၁၁:ဝဝ) နာရီအချိန်မှစ၍ ဝဏ္ဏသိဒ္ဓိအားကစား (B) ရုံ နှင့်(C) ရုံ တို့၌ ဒုတိယအဆင့်ပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်ကစား ကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%80%E1%80%9C%E1%80%95%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8-%E1%80%98%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%AE%E1%80%98%E1%80%B1%E1%80%AC-2018-asian-mens-club-volleyball-championship-0