spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ ခုနှစ်အာရှကလပ် (အမျိုးသား) ဘော်လီဘော (2018 Asian Men's Club Volleyball Championship) ပြိုင်ပွဲကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်အားပေး

၂ဝ၁၈ ခုနှစ်အာရှကလပ် (အမျိုးသား) ဘော်လီဘော (2018 Asian Men's Club Volleyball Championship) ပြိုင်ပွဲကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်အားပေး

နေပြည်တော်၊သြဂုတ်လ(၃)ရက်။   

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အာရှဘော်လီဘောအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့်၂ဝ၁၈ခုနှစ် အာရှကလပ် အမျိုးသားဘော်လီဘော (2018 Asian Men's Club Volleyball Championship) ပြိုင်ပွဲကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစား(B) ရုံ နှင့် (C) ရုံတို့၌ ယှဉ်ပြိုင်ကစားကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ ဘော်လီဘော အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများတက်ရောက် ကြည့်ရှု့အားပေးခဲ့ပါသည်။

ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ယနေ့နံနက် (၁၁:ဝဝ)နာရီအချိန်တွင် ယှဉ်ပြိုင်ကစားကြရာ ထိုင်းကလပ် နာခွန်ရတ်ချန်စီမာအသင်းမှ တာကစ်မင်နစ္စတန်ကလပ် BINGAR အသင်းကို (၂၅-၂၃)၊ (၂၅-၁၈)၊ (၂၃-၂၅)၊ (၁၉-၂၅)၊ (၁၅-၈) ဖြင့်လည်းကောင်း၊  တရုတ်(တိုင်ပေ) ကလပ် LONG POWER အသင်းမှ ဟောင်ကောင်ကလပ် ယန်ချိုင်အသင်း ကို (၂၅-၁၈)၊ (၂၅-၂ဝ)၊ (၁၇-၂၅)၊ (၂၅-၁၇)ဖြင့်လည်းကောင်း၊ နေ့လည် (၁၃:၃ဝ) နာရီ အချိန်တွင် ပါကစ္စတန်ကလပ် WAPDA အသင်းမှ တရုတ်ကလပ် SICHUAN အသင်းကို (၂၅-၂၃)၊ (၂၅-၂၂)၊ (၂၅-၂၂)ဖြင့်လည်းကောင်း၊ ဗီယက်နမ်ကလပ် SANEST KHANH HOA အသင်းမှ သြစတေးလျကလပ် ကန်ဘီရာ အသင်း ကို (၂၅-၁၉)၊ (၂၅-၂၃)၊ (၂၅-၁၈)ဖြင့် လည်းကောင်း ၊ ညနေ (၁၆:ဝဝ) နာရီ အချိန်တွင် သီရိလင်္ကာ LANKA LIONS အသင်းမှ မြန်မာကလပ် ASIA WORLD အသင်းကို (၂၅-၁၅)၊ (၂၁-၂၅)၊ (၂၅-၂ဝ)၊ (၂၃-၂၅) ၊(၁၅-၁၃) ဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိသွားကြောင်း သတင်းရရှိပါသည်။

(၄.၈.၂ဝ၁၈)ရက်နေ့ နံနက်(၁၁:ဝဝ) နာရီအချိန်မှစ၍ ဝဏ္ဏသိဒ္ဓိအားကစား (B) ရုံ နှင့်(C) ရုံ တို့၌ ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်းသိရှိရသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%80%E1%80%9C%E1%80%95%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8-%E1%80%98%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%AE%E1%80%98%E1%80%B1%E1%80%AC-2018-asian-mens-club-volleyball-championship-1