spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ရွှေ(၂)ငွေ(၂)ကြေး(၂) ဆုရအောင်ပွဲရမြန်မာ့လက်ရွေးစင် ဝူရှူးအားကစား အသင်းရောက်ရှိကြိုဆို

ရွှေ(၂)ငွေ(၂)ကြေး(၂) ဆုရအောင်ပွဲရမြန်မာ့လက်ရွေးစင် ဝူရှူးအားကစား အသင်းရောက်ရှိကြိုဆို

ရန်ကုန်၊ သြဂုတ်လ(၂၄)ရက်။

(၂၉)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ဝူရှူးအားကစားပြိုင်ပွဲတွင်  မြန်မာ့လက်ရွေးစင်ဝူရှူးအားကစားအသင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်(၂)ဆု၊ ငွေတံဆိပ်(၂)ဆု၊ ကြေးတံဆိပ်(၂)ဆု ရရှိအောင်စွမ်းစွမ်းတံမံကြိုးစားယှဉ်ပြိုင်ခဲ့သော အဖွဲ့ခေါင်းဆောင်အဖြစ် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်ဥက္ကြဦးသစ္စာ၊ အသင်းအုပ်ချုပ်သူ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးသီဟဇော် ၊ အသင်းနည်းပြနှင့်အားကစားသမားများသည် ယမန်နေ့ ည(၇)နာရီက AK(502) လေကြောင်းခရီးစဉ်ဖြင့်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့်တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီးနှင့် အားကစားသမားသင်တန်းသား/သင်တန်းသူများ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဌ ဒေါ်ခင်လေး၊ ဒုတိယဥက္ကများနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ဝူရှူးအားကစားမောင်မယ်များနှင့် မိသားစုဝင်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပန်းစီးများ၊ ပန်းကုံးများစွတ်၍ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။
    မြန်မာ့လက်ရွေးစင် ဝူရှူးအားကစားအသင်းသည် သိန်းသန်းဦး(မြန်မာ)က  နန်းတောင်းနှင့်နန်းကွန့်ပြိုင်ပွဲ နှစ်ရပ်ပေါင်းရမှတ် (၁၉.၃၄)မှတ်ဖြင့် ပထမရွှေတံဆိပ်(၁)ဆု၊ မြတ်သက်ဆုဝေဖြိုး(မြန်မာ)က အမျိုးသမီးချန်ချွမ်းပြိုင်ပွဲ၌ ရမှတ်(၉.၆၇)မှတ်ဖြင့် ပထမရွှေတံဆိပ်(၁)ဆု၊ စန္ဒီဦး(မြန်မာ)က အမျိုးသမီးချန်းချွမ်ပြိုင်ပွဲ၌ရမှတ်(၉.၆၆)မှတ်ဖြင့် ဒုတိယငွေတံဆိပ်(၁)ဆုနှင့် အမျိုးသမီးချန်းစုပြိုင်ပွဲ၌ ရမှတ်(၉.၆၅)မှတ်ဖြင့် ကြေးတံဆိပ်(၁)ဆု၊ အေးသစ္စာမြင့် (မြန်မာ)က အမျိုးသမီး နန်းချွမ်ပြိုင်ပွဲ၌ ရမှတ်(၉.၆၄)မှတ် ဖြင့် ဒုတိယငွေတံဆိပ်(၁)ဆု၊ ခန့်မင်းထက်(မြန်မာ)က အမျိုးသားထိုက်ချိချွမ် ပြိုင်ပွဲ၌ ကြေးတံဆိပ် (၁)ဆု အသီးသီးရရှိခဲ့ကြောင်းသတင်းရရှိသည်။

                     

 

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/node/5