spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ ခုနှစ်အာရှကလပ် (အမျိုးသား) ဘော်လီဘော (2018 Asian Men's Club Volleyball Championship) ပြိုင်ပွဲ Semi Final ပွဲများဆက်လက်ကျင်းပ

၂ဝ၁၈ ခုနှစ်အာရှကလပ် (အမျိုးသား) ဘော်လီဘော (2018 Asian Men's Club Volleyball Championship) ပြိုင်ပွဲ Semi Final ပွဲများဆက်လက်ကျင်းပ

နေပြည်တော်၊သြဂုတ်လ(၅)ရက်။         

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အာရှဘော်လီဘောအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘော်လီဘော အဖွဲ့ချုပ်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂ဝ၁၈ခုနှစ် အာရှကလပ် အမျိုးသားဘော်လီဘော (2018 Asian Men's Club Volleyball Championship) ပြိုင်ပွဲကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစား(B) ရုံ နှင့် (C) ရုံ တို့၌ ယှဉ်ပြိုင်ကစားကြရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘော်လီဘောအားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများလာရောက် ကြည့်ရှု့ အားပေးခဲ့ပါသည်။

ပြိုင်ပွဲ ပွဲစဉ်များအဖြစ် နေ့လည် (၁၃:၃ဝ) နာရီ အချိန်တွင် ယှဉ်ပြိုင်ကစားကြရာ မြန်မာကလပ် ASIA WORLD အသင်း မှ တရုတ်ကလပ် SICHUAN အသင်းကို (၂၅-၂ဝ)၊ (၂၅-၁၈)၊ (၂၅-၂ဝ)ဖြင့် လည်းကောင်း၊ ထိုင်းကလပ် နာခွန်ရတ်ချန်စီမာအသင်းမှ တရုတ်(တိုင်ပေ) ကလပ် LONG POWER အသင်းကို (၂၅-၁၈)၊ (၂၄-၂၆)၊ (၂၁-၂၅) ၊(၂၅-၂ဝ)၊ (၂၁-၁၉)ဖြင့် လည်းကောင်း၊ ညနေ(၄:ဝဝ)နာရီအချိန်တွင် အီရန်ကလပ် KHATAM ARDAKAN အသင်းမှ ဗီယက်နမ်ကလပ် SANEST KHANH HOA အသင်းကို (၂၅-၁၈)၊ (၂၅-၂၃)၊ (၂၅-၁၉)ဖြင့်လည်းကောင်း၊ ဂျပန်ကလပ် TORAY ARROWS အသင်းမှ သီရိလင်္ကာကလပ် LANKA LIONS အသင်းကို (၂၅-၂ဝ)၊ (၁၉-၂၅)၊ (၂၅-၂ဝ)၊ (၂၅-၂၁) ဖြင့် လည်းကောင်း၊ ညနေ (၆:၃ဝ) အချိန်တွင် သြစတေးလျကလပ် ကန်ဘီရာအသင်း မှ ဟောင်ကောင်ကလပ် YANCHAI အသင်းကို (၂၅-၁၁)၊ (၂၅-၂၂)၊ (၂၅-၁၇)ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိသွားပြီး ကာဇက်စတန်ကလပ် ATYRAU VC အသင်းနှင့် ပါကစ္စတန်ကလပ် WAPDA အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားလျှက်ရှိကြောင်း သတင်းရရှိပါသည်။

(၆.၈.၂ဝ၁၈)ရက်နေ့ နံနက်(၁၁:ဝဝ) နာရီအချိန်မှစ၍ ဝဏ္ဏသိဒ္ဓိအားကစား (B) ရုံ နှင့်(C) ရုံ တို့၌ Final ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူမျာ: အနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%80%E1%80%9C%E1%80%95%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8-%E1%80%98%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%AE%E1%80%98%E1%80%B1%E1%80%AC-2018-asian-mens-club-volleyball-championship-3