spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်ပြိုင်ပွဲများ ဆက်လက်ကျင်းပ

၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်ပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်၊ သြဂုတ်လ(၉)ရက်။   

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီး ဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့နံနက်(၈:ဝဝ)နာရီ အချိန်မှစ၍ ဝဏ္ဏသိဒ္ဓိဖူဆယ်ပြိုင်ပွဲရုံ ၌ ကျင်းပပြုလုပ်ရာ အမျိုးသမီး အုပ်စုပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ရာတွင် မွန်ပြည်နယ်အသင်းမှ ကယားပြည်နယ်အသင်းကို (၇)ဂိုး (၂)ဂိုး ဖြင့် လည်ကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ  နေပြည်တော်အသင်းကို (၇) ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းမှ ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၄) ဂိုး (၁) ဂိုး ဖြင့်လည်းကောင်း၊ အမျိုးသား အုပ်စုပွဲစဉ်များ အဖြစ် ယှဉ်ပြိုင်ရာတွင် ကယားပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ (၅) ဂိုး (၅) ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပြီး မကွေးတိုင်းဒေသကြီးအသင်းနှင့် ချင်းပြည်နယ် အသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သတင်းရရှိပါသည်။   

(၁ဝ.၈.၂ဝ၁၈) ရက်နေ့ ဝဏ္ဏသိဒ္ဓိဖူဆယ်ပြိုင်ပွဲရုံ တွင် အမျိုးသားအုပ်စုပွဲစဉ်များအဖြစ် ရှမ်းပြည်နယ် အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ချင်းပြည်နယ်အသင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်း ၊  အမျိုးသမီးပွဲစဉ်များအဖြစ် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ကယား ပြည်နယ်အသင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့သည် နေ့စဉ်နံနက် (၈:ဝဝ)နာရီ အချိန်မှစတင်ပြီး ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါဝင်စားသော မိဘ ပြည်သူများ အနေဖြင့် မည်သူမဆိုအခမဲ့ လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%96%E1%80%B0%E1%80%86%E1%80%9A%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95