spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်ပြိုင်ပွဲများ ဆက်လက်ကျင်းပ

၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်ပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်၊ သြဂုတ်လ(၁ဝ)ရက်။        

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့နံနက်(၈:ဝဝ)နာရီအချိန်မှစ၍ ဝဏ္ဏသိဒ္ဓိဖူဆယ်ပြိုင်ပွဲရုံ ၌ ကျင်းပပြုလုပ်ရာ အမျိုးသား အုပ်စုပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ရာတွင် ရှမ်းပြည်နယ်အသင်းမှ ပဲခူးတိုင်းဒေသကြီးအသင်းကို (၈)ဂိုး (၃)ဂိုး ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ  ချင်းပြည်နယ်အသင်းကို (၈) ဂိုး (၁) ဂိုးဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ မွန်ပြည်နယ်အသင်းကို (၉)ဂိုး (၂)ဂိုး ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲများ ဆက်လက် ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သတင်းရရှိပါသည်။     

(၁၁.၈.၂ဝ၁၈) ရက်နေ့ ဝဏ္ဏသိဒ္ဓိဖူဆယ်ပြိုင်ပွဲရုံတွင် အမျိုးသားအုပ်စုပွဲစဉ်များအဖြစ် ဧရာဝတီတိုင်း ဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်း ၊ အမျိုးသမီးပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်း၊ နေပြည်တော်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း တို့သည် နေ့စဉ်နံနက် (၈:ဝဝ)နာရီ အချိန်မှစတင်ပြီး ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%96%E1%80%B0%E1%80%86%E1%80%9A%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95-0