spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၅)ကြိမ်မြောက်၊ အရှေ့တောင်အာရှ ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲ ဆက်လက်ကျင်းပ

(၅)ကြိမ်မြောက်၊ အရှေ့တောင်အာရှ ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော်၊ သြဂုတ်(၁ဝ)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယ ပညာဦးစီးဌာန အာရှဗိုဗီနမ်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂ဝ၁၈ခုနှစ် (၅)ကြိမ်မြောက်၊ အရှေ့တောင်အာရှ ဗိုဗီနမ် ချန်ပီယံရှစ် (5th South East Asian Vovinam Championship 2018)  ပြိုင်ပွဲအား ယနေ့ နံနက် (၉:ဝဝ)နာရီအချိန်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(ဗ)၌ ယှဉ်ပြိုင်ရာ အတိုက်ပွဲစဉ်အဖြစ် အမျိုးသား (57Kg)ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် ကမ္ဘောဒီးယားအသင်း တို့ယှဉ်ပြိုင်ရာ ကမ္ဘောဒီးယားအသင်း မှလည်းကောင်း၊  (64Kg) ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် ကမ္ဘောဒီးယားအသင်း တို့ယှဉ်ပြိုင်ရာတွင် ကမ္ဘောဒီးယားအသင်း မှလည်းကောင်း၊  အမျိုးသမီး (51Kg) ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် ကမ္ဘောဒီးယားအသင်း တို့ယှဉ်ပြိုင်ရာတွင် မြန်မာအသင်းမှလည်းကောင်း၊ အမျိုးသမီး (54Kg) ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ရာတွင် မြန်မာ အသင်းမှလည်းကောင်း၊ အပြ ပြိုင်ပွဲများအဖြစ် ယှဉ်ပြိုင်ရာ အမျိုးသားတစ်ဦးချင်း ဓါး(၁)လတ် ပြိုင်ပွဲတွင် မြန်မာအသင်းမှ ပထမ၊ ကမ္ဘောဒီးယားအသင်းမှ ဒုတိယနှင့် အင်ဒိုနီးရှားအသင်းမှ တတိယကိုလည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်း ဓါး(၁)လတ် ပြိုင်ပွဲတွင် ဗီယက်နမ်အသင်းမှ ပထမ၊ အင်ဒိုနီးရှားအသင်းမှ ဒုတိယနှင့် မြန်မာအသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့မှ ပူးတွဲတတိယ ကိုလည်းကောင်း၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းမှ ပထမ၊ ကမ္ဘောဒီးယားအသင်း အသင်းမှ ဒုတိယကိုလည်းကောင်းအသီးသီးနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲများ ဆက်လက် ယှဉ်ပြိုင်လျက် ရှိကြောင်းသတင်းရရှိပါသည်။

(၁၁.၈.၂ဝ၁၈)ရက်နေ့ နံနက်(၉:ဝဝ) နာရီအချိန်မှစ၍ ဝဏ္ဏသိဒ္ဓိအားကစား (ဗ) ရုံ ၌ အကြိုဗိုလ်လုပွဲများနှင့် နေ့လည်(၂:ဝဝ) နာရီအချိန်တွင် ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစားမည် ဖြစ်ပြီး ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲကို ဆက်လက်ကျင်းပ မည်ဖြစ်ပါသဖြင့် ဗိုဗီနမ် အားကစားနည်း ကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ပါ ကြောင်း သိရှိရသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%85%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%81%8A-%E1%80%A1%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE-%E1%80%97%E1%80%AD%E1%80%AF%E1%80%97%E1%80%AE%E1%80%94%E1%80%99%E1%80%BA%E1%80%81%E1%80%BB%E1%80%94%E1%80%BA%E1%80%95%E1%80%AE%E1%80%9A%E1%80%B6%E1%80%9B%E1%80%BE%E1%80%85%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95