spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ ရွေးကောက်တင်မြှောက်ပွဲ ပြုလုပ်ရေးနှင့် မြားပစ်အသင်းလက်ရှိဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ ရွေးကောက်တင်မြှောက်ပွဲ ပြုလုပ်ရေးနှင့် မြားပစ်အသင်းလက်ရှိဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်၊ သြဂုတ်လ(  ၁၁  )ရက်။         

မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ ရွေးကောက်တင်မြှောက်ပွဲ ပြုလုပ်ရေးနှင့် မြားပစ်အသင်းလက်ရှိဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များညှိနှိုင်းအစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံကွင်းဂိတ်(၅)မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ရုံး၌သြဂုတ်လ(၁ဝ)ရက်၊ နေ့လည် (၂)နာရီက ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဌဦးဇေသီဟ၊ ဒုတိယဥက္ကဌများနှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ များ ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင် ဥက္ကဌဦးသန့်ဇင်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးအောင်စန်းမြင့်တို့တက်ရောက်ကြသည်။

ရှေးဦးစွာ     မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဌဦးဇေသီဟ က ရှေ့ဆက်ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်များနှင့် ဗဟိုအလုပ်အမှုဆောင်ရွေးချယ်မှုအား သမာသမတ်ရှိစေရေး ဆောင်ရွက် သွားရန် ပြောကြား၍လည်းကောင်း၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကျော်ဦး မှ ဖွဲ့စည်းပုံစည်းမျဉ်းနှင့် ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း ရေးဆွဲထားမှု၊ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများအား Power Point  ဖြင့်အသေးစိတ်ရှင်းလင်း တင်ပြခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ များ ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင် ဥက္ကဌဦးသန့်ဇင်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးအောင်စန်းမြင့်တို့က မြားပစ်ဖွဲ့စည်းပုံ စည်းမျဉ်းနှင့်ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း ရေးဆွဲထားမှုအပေါ် လိုအပ်ချက်များအား ပြင်ဆင်ဖြည့်စွက် အတည်ပြုခြင်းများ ဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။

အဆိုပါမြားပစ်အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ရွေးကောက်တင်မြှောက်ပွဲအား ၂ဝ၁၈ခုနှစ်၊ စက်တင်ဘာလ (၃ဝ)ရက်နေ့တွင် ရန်ကုန်မြို့အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏတွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များအပါအဝင် မဲပေးခွင့် ရှိသူကိုယ်စားလှယ်များအား ယင်းနေ့နံနက်ပိုင်းတွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အစည်းအဝေးခန်းမတွင် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များအား ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက ရှင်းလင်းပြောကြားသွားမည်ဖြစ်ပါသဖြင့်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဥက္ကဖြလား မြားပစ်ပြိုင်ပွဲအား အောက်တိုဘာလ(၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

ဆက်လက်၍ 18th Asian Games မြားပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည့် မြားပစ်အဖွဲ့နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ  ၂ဝ၁၈ခုနှစ်၊ နိုဝင်ဘာလ  ပထမပတ်တွင် ကျင်းပပြုလုပ်မည့် 7th South East Asian Open Archery Championship  ပြိုင်ပွဲ လက်ခံကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ၂ဝ၁၈ခုနှစ်၊ ဒီဇင်ဘာလတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် 19th ASEAN UNIVERSITY  GAMES  နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား အသေးစိတ်ဆွေးနွေးသွားခဲ့ကြောင်း သိရှိရသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%99%E1%80%BC%E1%80%AC%E1%80%B8%E1%80%95%E1%80%85%E1%80%BA%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA-%E1%80%A1%E1%80%9C%E1%80%AF%E1%80%95%E1%80%BA%E1%80%A1%E1%80%99%E1%80%BE%E1%80%AF%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7-%E1%80%9B%E1%80%BD%E1%80%B1%E1%80%B8%E1%80%80%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%90%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%BE%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%95%E1%80%BC%E1%80%AF%E1%80%9C%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7