spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မန္တလေး) အထိမ်းအမှတ် လူထုစုပေါင်းလမ်းလျောက် ပွဲတွင် ပြည်ထောင်စုဝန်ကြီးပါဝင်ဆင်နွှဲ၊ ပြခန်းများလှည့်လည်ကြည့်ရှု

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မန္တလေး) အထိမ်းအမှတ် လူထုစုပေါင်းလမ်းလျောက် ပွဲတွင် ပြည်ထောင်စုဝန်ကြီးပါဝင်ဆင်နွှဲ၊ ပြခန်းများလှည့်လည်ကြည့်ရှု

မန္တလေး၊ သြဂုတ်လ (၁၂) ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တို့နှင့် အတူ ယနေ့၊ နံနက်(၅:၃၀)အချိန်တွင် မန္တလေးတက္ကသိုလ်ဝင်းအတွင်း ပြုလုပ်ကျင်းပခဲ့သည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မန္တလေး) အထိမ်းအမှတ် လူထုစုပေါင်းလမ်းလျောက်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့ပါသည်။

အဆိုပါ စုပေါင်းလမ်းလျောက်ပွဲတွင် ကျောင်းသူကျောင်းသားလူငယ်များအပါအဝင် ပြည်သူများပါဝင်ဆင်နွှဲခဲ့ပါသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပ (မန္တလေး)မှ ကျောင်းသား ကျောင်းသူများ၏ အားကစားနည်းမျိုးစုံလေ့ကျင့် သရုပ်ပြမှုကိုကြည့်ရှု အားပေးခဲ့ကာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့က အားကစားသမားလူငယ်များကို ဆုငွေကျပ် (၁၅၀၀၀၀)စီ ချီးမြှင့်ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စု၀န်ကြီးသည် ကျောင်းသားကျောင်းသူလူငယ်များအပါအ၀င် ပြည်သူများ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ထုတ်ဆီးထိုး၊ သုံးချောင်းထောက်၊ ဂေါ်နီအိတ်စွတ်အပြေး၊ ဘက်စ်ကတ်ဘောဂိုးသွင်း၊ ခေါင်းအုံးရိုက်၊ လွန်ဆွဲ အစရှိသည့် အားကစားပြိုင်ပွဲများကို ကြည့်ရှုအားပေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် မန္တလေးတက္ကသိုလ်ဝင်းအတွင်းရှိ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မန္တလေး) အထိမ်းအမှတ် ပြခန်းများရှိရာနေရာသို့ သွားရောက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဦးစီးဌာနအသီးသီးနှင့် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာန၏ ပြခန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု ဆေးပေးခန်းများနှင့် ကျန်းမာရေးဆိုင်ရာနှီးနွယ် အဖွဲ့အစည်းများ၏ ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%9C%E1%80%B0%E1%80%84%E1%80%9A%E1%80%BA%E1%80%98%E1%80%80%E1%80%BA%E1%80%85%E1%80%AF%E1%80%B6%E1%80%96%E1%80%BD%E1%80%B6%E1%80%B7%E1%80%96%E1%80%BC%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%B1%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%B1%E1%80%AC%E1%80%BA-%E1%80%99%E1%80%94%E1%80%B9%E1%80%90%E1%80%9C%E1%80%B1%E1%80%B8-%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA-%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%85%E1%80%AF%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%9C%E1%80%BB%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA