spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၁၈)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲ (18th ASIAN GAMES-2018) သို့ မြန်မာအားကစားအဖွဲ့သွားရောက်

(၁၈)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲ (18th ASIAN GAMES-2018) သို့ မြန်မာအားကစားအဖွဲ့သွားရောက်

နေပြည်တော်၊ သြဂုတ်လ(၁၄)ရက်။    

အင်ဒိုနီးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသော ၂ဝ၁၈ခုနှစ်၊ (၁၈)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲ (18th ASIAN GAMES-2018 ) ကို  ဂျာကာတာ၊ ပလန်ဘန်မြို့ များတွင် သြဂုတ်လ(၁၈)ရက်နေ့မှ စက်တင်ဘာလ(၂)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး (၁၈)ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု အားကစားနည်း(၈)မျိုး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ရာ ဂျာကာတာမြို့၌ ဘောလုံး၊ မြား၊ ဘော်လီဘော၊ တိုက်ကွမ်ဒို၊ ဝူရှူးအားကစားနည်းနှင့် ပလန်ဘန်မြို့၌ သေနတ်ပစ်၊ လှေလှော်၊ ပိုက်ကျော်ခြင်း၊ အားကစားနည်းများ ယှဉ်ပြိုင်မည်ဖြစ်ရာ ယနေ့နံနက် (၈)နာရီခွဲက အားကစားနှင့်ကာယပညာဦးစီးဌာန ယှဉ်ပြိုင်/လေ့ကျင့်ရေးဌာနခွဲ(၂)မှ ညွှန်ကြားရေးမှူးဦးကျော်ဇင်မိုး ဦးဆောင်သည့် အားကစား အုပ်ချုပ်မှုအဖွဲ့ဝင်(၅)ဦးတို့သည် အင်ဒိုနီးရှားနိုင်ငံ ပလန်ဘန်မြို့သို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားရာတာဝန်ရှိသူများမှ ပို့ဆောင် နှုတ်ဆက်ကြသည်။

အဆိုပါအဖွဲ့တွင် ဆေးအဖွဲ့(၂)ဦး၊ ရုံးအဖွဲ့(၂)ဦးနှင့် သတင်းပြန်ကြားရေး(၁)ဦး တို့လိုက်ပါသွားကြောင်း သတင်းရရှိပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%81%E1%81%88%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-18th-asian-games-2018-%E1%80%9E%E1%80%AD%E1%80%AF%E1%80%B7-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%9E%E1%80%BD%E1%80%AC%E1%80%B8%E1%80%9B%E1%80%B1%E1%80%AC%E1%80%80%E1%80%BA