spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်ပြိုင်ပွဲ အမျိုးသား/အမျိုးသမီး တတိယလုပွဲနှင့် အမျိုးသမီးဗိုလ်လုပွဲများကျင်းပ

၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်ပြိုင်ပွဲ အမျိုးသား/အမျိုးသမီး တတိယလုပွဲနှင့် အမျိုးသမီးဗိုလ်လုပွဲများကျင်းပ

 
နေပြည်တော်၊ သြဂုတ်လ(၁၆)ရက်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီး ဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်ပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲများကို ယနေ့နံနက်(၉းဝဝ)နာရီအချိန်မှစ၍ ဝဏ္ဏသိဒ္ဓိဖူဆယ်ပြိုင်ပွဲရုံ၌ ကျင်းပ ပြုလုပ်ရာ  အမျိုးသားတတိယလုပွဲအဖြစ် ယှဉ်ပြိုင်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအသင်း မှ ရှမ်းပြည်နယ် အသင်းကို (၅)ဂိုး (၃)ဂိုး ဖြင့် လည်းကောင်း၊ အမျိုးသမီးတတိယလုပွဲအဖြစ် ယှဉ်ပြိုင်ရာတွင် ကချင်ပြည်နယ် အသင်းမှ ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၅)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊  အမျိုးသမီး ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ရာတွင် ပဲခူးတိုင်းဒေသကြီးအသင်းမှ မန္တလေးတိုင်းဒေသကြီးအသင်းကို (၂)ဂိုး (၁)ဂိုး ဖြင့် လည်းကောင်း အသီးသီးအနိုင်ရ ဗိုလ်စွဲသွားကြောင်း သတင်းရရှိပါသည်။
 
(၁၇.၈.၂ဝ၁၈) ရက်နေ့ ဝဏ္ဏသိဒ္ဓိဖူဆယ်ပြိုင်ပွဲရုံတွင် နံနက် (၉:ဝဝ)နာရီ အချိန်၌ အမျိုးသား ဗိုလ်လုပွဲအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း တို့ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပြီး ပြိုင်ပွဲများအပြီးဆုပေးပွဲအခမ်းအနားကို ကျင်းပသွားမည်ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%96%E1%80%B0%E1%80%86%E1%80%9A%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8-%E1%80%90%E1%80%90%E1%80%AD%E1%80%9A%E1%80%9C%E1%80%AF%E1%80%95%E1%80%BD%E1%80%B2%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7