spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ ခုနှစ်၊ (၂၄) ကြိမ်မြောက်အာရှသက်ငယ်တန်း၊ အသက် (၁၈) နှစ်အောက် (Junior) နှင့် အသက် (၁၅) နှစ်အောက် (Cadet) စားပွဲတင်တင်းနစ်ပြိုင်ပွဲများ ဆက်လက်ကျင်းပ

၂ဝ၁၈ ခုနှစ်၊ (၂၄) ကြိမ်မြောက်အာရှသက်ငယ်တန်း၊ အသက် (၁၈) နှစ်အောက် (Junior) နှင့် အသက် (၁၅) နှစ်အောက် (Cadet) စားပွဲတင်တင်းနစ်ပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်၊သြဂုတ်လ(၁၆)ရက်။       

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အာရှစားပွဲတင်တင်းနစ်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်တို့ပူးပေါင်း၍ ကျင်းပပြုလုပ်သော ၂ဝ၁၈ခုနှစ်၊ (၂၄) ကြိမ်မြောက်အာရှသက်ငယ်တန်း၊ အသက် (၁၈)နှစ်အောက် (Junior)နှင့် အသက်(၁၅) နှစ်အောက် (Cadet) စားပွဲတင်တင်းနစ် ပြိုင်ပွဲ ကို ယနေ့နံနက်(၉:ဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပပြုလုပ်ရာ အမျိုးသား /အမျိုးသမီး (Junior) တစ်ဦးချင်းပြိုင်ပွဲများ၊ နှစ်ယောက်တွဲပြိုင်ပွဲများ၊ အသင်းလိုက်ပြိုင်ပွဲများ၊ အမျိုးသား /အမျိုးသမီး (Cadet) တစ်ဦးချင်းပြိုင်ပွဲများ၊ နှစ်ယောက်တွဲပြိုင်ပွဲများနှင့် အသင်းလိုက် ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

သြဂုတ်လ(၁၃)ရက်နေ့မှ (၁၈)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) တွင် နေ့စဉ်နံနက် (၉:ဝဝ) နာရီအချိန်မှစ၍ ပြိုင်ပွဲများဆက်လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါသဖြင့် စားပွဲတင်တင်းနစ်အားကစားကို စိတ်ပါဝင်စားသူ မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%81%82%E1%81%84-%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%9E%E1%80%80%E1%80%BA%E1%80%84%E1%80%9A%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%81%8A-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA-%E1%81%81%E1%81%88-%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-junior-%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA-%E1%81%81%E1%81%85-%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA