spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်ပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆုဖလားအား မန္တလေးတိုင်းဒေသကြီးမှ ဆွတ်ခူးရရှိပြီး အမျိုးသမီးတံခွန်စိုက်ဆုဖလားအား ပဲခူးတိုင်းဒေသကြီးအသင်းမှဆွတ်ခူးရရှိ

၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်ပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆုဖလားအား မန္တလေးတိုင်းဒေသကြီးမှ ဆွတ်ခူးရရှိပြီး အမျိုးသမီးတံခွန်စိုက်ဆုဖလားအား ပဲခူးတိုင်းဒေသကြီးအသင်းမှဆွတ်ခူးရရှိ

နေပြည်တော်၊သြဂုတ်လ(၁၇)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သော ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဖူဆယ်ပြိုင်ပွဲ အမျိုးသား ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၉:ဝဝ) နာရီအချိန်မှစတင်၍ ဝဏ္ဏသိဒ္ဓိ အားကစားဖူဆယ်ရုံ၌ ကျင်းပရာ မန္တလေးတိုင်း ဒေသကြီးအသင်းမှ စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၆)ဂိုး  ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ပါသည်။ 

ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီး အကောင်းဆုံး ဂိုးသမားဆုရရှိသွားသော ကျောနံပါတ်(၁) ဖြိုးအိကျော်(ပဲခူး)အား အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဒေါက်တာကျော်ငွေမှလည်းကောင်း၊ အမျိုးသမီး အကောင်းဆုံးအားကစားသမားဆုရရှိသွားသော ကျောနံပါတ်(၁၁) ဂျာဆိုင်းဒင့်(ကချင်) အား အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဒေါက်တာကျော်သန်းထွန်းမှလည်းကောင်း၊ အမျိုးသား အကောင်းဆုံး ဂိုးသမားဆုရရှိသွားသော ကျောနံပါတ်(၁) ဟန်မင်းထက်(စစ်ကိုင်း)အား  အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဦးမိုင်းအုဏ်းခိုင်မှလည်းကောင်း၊ အမျိုးသား အကောင်းဆုံး အားကစားသမားဆုရရှိသွားသော ကျောနံပါတ်(၇) ဆန်းမျိုးလှိုင်(မန္တလေး)အား အမျိုးသား လွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဦးမန်းထွန်းကြိုင်မှလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် တတိယဆုရရှိသွားသော ကချင်ပြည်နယ်အသင်းနှင့် ဒုတိယဆု ရရှိသွားသော မန္တလေးတိုင်းဒေသကြီးအသင်းတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်မှလည်းကောင်း၊ အမျိုးသမီးတံခွန်စိုက်ဆုဖလား ရရှိသွားသော ပဲခူးတိုင်းဒေသကြီးအသင်းအား အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါက်တာစန်းမောင်မောင်မှလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် တတိယဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ဒုတိယဆုရရှိသွားသော စစ်ကိုင်းတိုင်း ဒေသကြီးအသင်းတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးလွင်မှလည်းကောင်း၊ အမျိုးသားတံခွန်စိုက်ဆုဖလား ရရှိသွားသော မန္တလေးတိုင်းဒေသကြီးအသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး မှလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်း ရရှိပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%96%E1%80%B0%E1%80%86%E1%80%9A%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%90%E1%80%B6%E1%80%81%E1%80%BD%E1%80%94%E1%80%BA%E1%80%85%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%86%E1%80%AF%E1%80%96%E1%80%9C%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8