နေပြည်တော်၊ သြဂုတ်လ(၂၃)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ PAKOKKU BIKE ASSOCIATION နှင့် သုခကြွယ်ဆေးတိုက်တို့ ပူးပေါင််း၍ ပခုက္ကူမြို့ သုခကြွယ်ဖလားဖိတ်ခေါ် Mountain Bike စက်ဘီးပြိုင်ပွဲကို (၂၁.၁ဝ.၂ဝ၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် ဖုန်း-ဝ၉၂၃ဝဝ၁၅၆၊ ဝ၉၂၃ဝဝ၉၃၃၊ ဝ၉၂၃ဝ၂၃၆၉သို့ (၁၉.၁ဝ.၂ဝ၁၈)ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ပါသည်။
မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်