spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှ တတိယကြေးတံဆိပ်ဆုရ ဝူရှူးအဖွဲ့နှင့် တိုက်ကွမ်ဒိုအဖွဲ့ပြန်လည်ရောက်ရှိ

(၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှ တတိယကြေးတံဆိပ်ဆုရ ဝူရှူးအဖွဲ့နှင့် တိုက်ကွမ်ဒိုအဖွဲ့ပြန်လည်ရောက်ရှိ

 
ရန်ကုန်၊ သြဂုတ်လ(၂၅ )ရက်။
 
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင်(၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်မှ အသင်းအုပ်ချုပ်သူ ညွှန်ကြားရေးမှူး ဦးသီဟဇော်နှင့်ကြေးတံဆိပ်ရရှိသော မြန်မာ့လက်ရွေးစင်ဝူရှူးအားကစားသမား ငြိမ်းချမ်းကိုကို နှင့်အဖွဲ့တို့သည်လည်းကောင်း၊ မြန်မာနိုင်ငံတိုက်ကွမ်ဒို အဖွဲ့ချုပ်မှ မြန်မာ့လက်ရွေးစင် အားကစားသမားများတို့သည် ယမန်နေ့ ညနေ(၄)နာရီ(၅ဝ) အချိန်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီးများနှင့် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ သင်တန်းသား/ သင်တန်းသူများ၊ မိဘဆွေမျိုးများ က ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
 
 
အဆိုပါတတိယကြေးတံဆိပ်ဆုရ ငြိမ်းချမ်းကိုကိုကအမျိုးသားထိုက်ချိချွမ် + ထိုက်ချိကျန့် ပြိုင်ပွဲ(၂)ခုပေါင်းတွင် စုစုပေါင်းရမှတ် (၁၉.၄ဝ)မှတ်ဖြင့်ရရှိခဲ့ပြီး တရုတ်နိုင်ငံမှ ပထမရွှေတံဆိပ်ဆုနှင့် ဂျပန်နိုင်ငံ မှ ဒုတိယငွေတံဆိပ်ဆုရရှိခဲ့ကြောင်းသိရှိရသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%81%E1%81%88%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BE-%E1%80%90%E1%80%90%E1%80%AD%E1%80%9A%E1%80%80%E1%80%BC%E1%80%B1%E1%80%B8%E1%80%90%E1%80%B6%E1%80%86%E1%80%AD%E1%80%95%E1%80%BA%E1%80%86%E1%80%AF%E1%80%9B-%E1%80%9D%E1%80%B0%E1%80%9B%E1%80%BE%E1%80%B0%E1%80%B8%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7