spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၁၈)ကြိမ်မြောက် အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပပြုလုပ်သည့် အာရှအားကစားပြိုင်ပွဲသတ်တမနေ့အဖြစ် မြန်မာအားကစားအဖွဲ့ပါ၀င်ယှဉ်ပြိုင်

(၁၈)ကြိမ်မြောက် အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပပြုလုပ်သည့် အာရှအားကစားပြိုင်ပွဲသတ်တမနေ့အဖြစ် မြန်မာအားကစားအဖွဲ့ပါ၀င်ယှဉ်ပြိုင်

 
နေပြည်တော်၊သြဂုတ်လ(၂၅)ရက်။ ။
 
အင်ဒိုနီးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂၀၁၈ခုနှစ်၊ (၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို ယနေ့သတ္တမနေ့အဖြစ် ပလန်ဘန်းမြို့ရှိ Jakabaring Lake rowing တွင် ကျင်းပပြုလုပ်ရာ အမျိုးသားမီတာ-၂၀၀(၁၀)ရိုးရာလှေလှော်လက်ရည်စစ်ပြိုင်ပွဲတွင် မြန်မာအသင်းမှ စံချိန်(၅၄.၈၂၆)စက်ကန့်ဖြင့် တတိယနေရာတွင် ပန်း၀င်ခဲ့သောကြောင့် ဗိုလ်လုပွဲသို့တက်ရောက်ခဲ့ရပြီး ညနေပိုင်းတွင်ဆက်လက် ယှဉ်ပြိုင်သည့် ဗိုလ်လုပွဲ (၆)နိုင်ငံ အဆင့်တွင် မြန်မာအသင်းမှ စံချိန်(၅၅.၀၇)စက်ကန့်ဖြင့် နောက်ဆုံးမှ ပန်း၀င်ခဲ့ပြီး အဆင့်(၆)ဖြင့် သာကျေနပ်ခဲ့ရပါသည်။
 
ဆက်လက်ပြီး အမျိုးသမီးမီတာ-၂၀၀(၁၀)ရိုးရာလှေလှော် လက်ရည်စစ်ပြိုင်ပွဲတွင် မြန်မာအသင်းမှ စံချိန်(၅၇.၀၉၉)စက်ကန့်ဖြင့် တတိယနေရာတွင် ပန်း၀င်ခဲ့သောကြောင့် ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ရပြီး ညနေပိုင်းတွင်ဆက်လက် ယှဉ်ပြိုင်သည့် ဗိုလ်လုပွဲ (၆)နိုင်ငံအဆင့်တွင် မြန်မာအသင်းမှ စံချိန်(၅၈.၀၇၁) စက်ကန့်ဖြင့် ပန်း၀င်ခဲ့ပြီး အဆင့်(၅)ဖြင့် သာကျေနပ်ခဲ့ရကြောင်း သတင်းရရှိပါသည်။
 
(၂၆.၈.၂၀၁၈)ရက်နေ့ပွဲစဉျအဖြစ် ဘော်လီဘောပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံဒေသစံတော်ချိန် ည(၇)နာရီတွင် မြန်မာအသင်းနှင့် ကာတာအသင်းတို့ယှဉ်ပြိုင်ကစားမည် သိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%81%E1%81%88%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%84%E1%80%BA%E1%80%92%E1%80%AD%E1%80%AF%E1%80%94%E1%80%AE%E1%80%B8%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%95%E1%80%BC%E1%80%AF%E1%80%9C%E1%80%AF%E1%80%95%E1%80%BA%E1%80%9E%E1%80%8A%E1%80%BA%E1%80%B7-%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%9E%E1%80%90%E1%80%BA%E1%80%90%E1%80%99%E1%80%94%E1%80%B1%E1%80%B7%E1%80%A1%E1%80%96%E1%80%BC%E1%80%85%E1%80%BA