spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်ဘတ်စကက်ဘောပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲများကျင်းပ

၂ဝ၁၈ခုုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်ဘတ်စကက်ဘောပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲများကျင်းပ

 
နေပြည်တော်၊ သြဂုတ်လ(၂၆)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကာ မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ်ထွက်ပေါ်လာစေရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ် ကျင်းပလျက်ရှိပြီး ၂ဝ၁၈ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲကို ယနေ့နံနက် (၈းဝဝ) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ပွဲရုံ (B)၌ ကျင်းပပြုလုပ်ရာ အမျိုးသမီး ဆီမီးဖိုင်နယ်ပွဲစဉ်ယှဉ်ပြိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ရှမ်းပြည်နယ်အသင်းကို (၇၆)မှတ်၊ (၆၆)မှတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ မကွေးတိုင်းဒေသကြီးအသင်းကို (၆၆)မှတ်၊ (၅၂)မှတ်ဖြင့်လည်းကောင်း၊ အမျိုးသားဆီမီးဖိုင်နယ် ပွဲစဉ်ယှဉ်ပြိုင်ရာ မန္တလေးတိုင်းဒေသကြီးအသင်းမှ ကချင်ပြည်နယ်အသင်းကို (၇၂)မှတ်၊ (၇ဝ)မှတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းမှ ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၆၇)မှတ်၊ (၆၅)မှတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
 
  
 
(၂၇.၈.၂ဝ၁၈)ရက်နေ့တွင် နံနက် (၉း၃ဝ)နာရီအချိန်မှ စတင်ပြီး ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B)၌ အမျိုးသမီးဗိုလ်လုပွဲအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အသင်း၊  အမျိုးသားဗိုလ်လုပွဲ အဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်း တို့သည် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဗိုလ်လုပွဲအပြီးတွင် ဆုပေးပွဲအခမ်းအနား ကျင်းပ ပြုလုပ်မည် ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%98%E1%80%90%E1%80%BA%E1%80%85%E1%80%80%E1%80%80%E1%80%BA%E1%80%98%E1%80%B1%E1%80%AC%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%AE%E1%80%99%E1%80%AE%E1%80%B8%E1%80%96%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95